ပေ (၃၀၀၀၀) ပေါ်တွင် ကလေးမွေး

 

အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှ အမေရိကန် ပြည်ထောင်စု လော့အိန်ဂျလိစ်သို့ မောင်းနှင်းလာသည် တရုတ်လေကြောင်းပိုင် ခရီးသွား လေယာဉ်ပေါ်တွင် လိုက်ပါလာသော ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ရုတ်တရက် ဗိုက်နာလာပြီး လေယာဉ်ပေါ်တွင် မီးဖွားခဲ့သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ အဆိုပါ အမျိုးသမီးသည် ထိုင်ဝမ်နိုင်ငံသူဖြစ်ပြီး  သတ်မှတ်ထားသော မွေးရက်ထက်စောပြီး မွေးဖွားခဲ့ခြင်း ဖြစ်သည်။
      လေယာဉ်ပျံသန်းလာပြီး အမြင့်ပေ (၃၀၀၀၀) အရောက်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ပျံသန်းချိန် (၆) နာရီ အရောက်တွင် ရုတ်တရက် ဗိုက်နာလာသောကြောင့်  လေယာဉ် ၀န်ထမ်းများနှင့် ခရီးသွားများက မွေးဖွားနိုင်အောင် ကူညီခဲ့ခြင်း ဖြစ်သည်။ ကလေးငယ် မွေးဖွားပြီးနောက် ကျန်းမာရေး ကောင်းမွန်ရန် လေယာဉ်ကို အလက် စကာတွင် ကြားဖြတ် ဆင်းသက်ခဲ့ပြီး လော့စ်အိန်ဂျလိစ်သို့ ခရီးဆက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကို ဗီဒီယိုရိုက်ကူးမှု ပြုလုပ်ထားပြီး လေယာဉ်ဝန်ထမ်းများနှင့် ခရီးသွားများ၏ စိတ်အားထက်သန်စွာ ကူညီနေကြသည်ကို အံ့အားသင့်စွာ တွေ့မြင်ခဲ့ရသည်။ ခရီးသည်တစ်ဦးက မိမိအနေဖြင့် ဘ၀တစ်သက်တွင် တစ်ခါသာ တွေ့မြင်ဖူးကြောင်း ပြောကြားခဲ့သည်။ ကလေးငယ်နှင့် မိခင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် လေယာဉ် ခရီးစဉ်သည် ( ၃) နာရီ ခန့်နောက်ကျပြီးမှ ရောက်ရှိခဲ့ကြောင်း သိရသည်။
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment