တိုက်ပေါ်မှ ပြုတ်ကျ ကလေးငယ်ကို ကယ်တင်ခဲ့သည့် တရုတ်ပင့်ကူမယ်

12079190_1058372757536877_8405500556902254434_n



တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်၊ ဟူဇောင်မြို့မှာ ငါးထပ်တိုက်ပေါ်ကပြုတ်ကျပြီး လေထဲမှာ တွဲလောင်းဖြစ်နေတဲ့ ကလေးငယ်ကို ကယ်တင်ဖို့ ဘာကိရိယာမှမပါပဲ တက် ခဲ့တဲ့ အမျိုးသမီးဟာ ပင့်ကူမယ်အဖြစ်အမည်တွင်သွားခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
12079245_1058372870870199_6464501443806999271_n

အောက်တိုဘာလ ၁၀ ရက်နေ့၊ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ ၃ နှစ်အရွယ် ကလေးငယ်ဟာ ပြတင်းပေါက်ပေါ်ကခြေချော်ပြုတ်ကျခဲ့တာဖြစ်ပြီး အခန်းအပြင်ဘက် ခြံစည်းရိုးနဲ့ငြိကာ လေထဲမှာတွဲလောင်းဖြစ်နေခဲ့တာပါ။
12108192_1058372854203534_9095032582859482199_n

အဲဒါကိုမြင်ရတဲ့ ချန်ရှောင်လီ အမည်ရတဲ့အမျိုးသမီးက မြင်ခဲ့ပြီးကယ်တင်ဖို့ဆုံး ဖြတ်ကာ အဲဒီငါးထပ်တိုက်အမြင့်ပေါ်ကို ဘာအကူကိရိယာမှမပါပဲ တက်ခဲ့တယ်လို့ သတင်းကဆိုပါတယ်။
12108989_1058372834203536_5820233605019178917_n

ကလေးငယ်ကို ကယ်တင်နိုင်ဖို့ သူဟာ အချိန်မိနစ် ၅၀ လောက်ကြာခဲ့ပြီး ကံ ကောင်းထောက်မစွာပဲ အိမ်နီးချင်းတွေနဲ့ အချိန်မီရောက်လာတဲ့ ရဲတွေက သူ့ကိုကူ ညီခဲ့ကြပါတယ်။

အဲဒီကူညီမှုအတွက် ကလေးငယ်ရဲ့မိသားစုတွေက သူ့ကို ပိုက်ဆံတွေပေးခဲ့ ပေမယ့် သူကငြင်းပယ်ခဲ့ပါတယ်။
12109216_1058372787536874_3538816027638416067_n

ဒါဟာ ချန်ရှောင်လီအနေနဲ့ တခြားသူတဦးကို ပထမဆုံးကူညီဖူးတာမဟုတ်ပဲ မြေ အောက်ရေဆိုးပြွန်အောက်မှာ ပိတ်မိနေခဲ့သူ အမျိုးသမီးတဦးကိုလည်း ကယ်တင်ခဲ့ဖူး တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ – CCTVNews

dvb burmese
http://burmese.dvb.no/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment