ခွဲစိတ်ပြုပြင်ထားသော ကိုရီးယား အမျိုးသမီးများ


 တောင်ကိုရီးယား အမျိုးသမီးတစ်ဦးကို ပတ်တီးများ ချည်နှောင်ထားသည်ကို မြင်တွေ့ခဲ့ရသောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယင်းမှာ အလှအပအတွက် ခွဲစိတ်မှု ပြုလုပ်ထားသည့် မြင်ကွင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံရှိ အမျိုးသမီးများသည် အနောက်တိုင်း နိုင်ငံများရှိ အမျိုးသမီးများနှင့်တူအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် အလှအပအတွက် ခွဲစိတ်ကုသမှု ပြုလုပ်ရာတွင် ထိပ်ဆုံး၌ ရှိနေကြောင်း မှတ်တမ်းများအရ သိရသည်။ နယူးယောက်မြို့ အခြေစိုက် အသက် (၂၈)နှစ်ရှိ တောင်ကိုရီးယား အမျိုးသမီး ဓာတ်ပုံဆရာတစ်ဦးသည် ဆိုးလ်မြို့သို့ လာရောက်ပြီး ခွဲစိတ်ပြုပြင်ထားသော အမျိုးသမီး (၁၀) ဦးနှင့်တွေ့ဆုံကာ ခွဲစိတ်မှုများကို မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။  အမျိုးသမီးတစ်ဦး ခွဲစိတ်မှု ပြုလုပ်ခြင်းသည် တောင်ကိုရီးယားနိုင်ငံတွင် အထူးအဆန်း မဟုတ်တော့။ သို့သော် ဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။ ဂျီယီအိုသည် ခွဲစိတ်ထားသော အမျိုးသမီး (၁၀) ဦးနှင့် ဓာတ်ပုံရိုက်ခွင့်ရရန် အတော်ကြိုးစားရသည်။ နောက်ဆုံး သဘောတူညီချက် ရရှိခဲ့သည်။
    ၂၀၁၀ တွင်ပြုလုပ်သော အချက်အလက်များအရ တောင်ကိုရီးယားသည် ခွဲစိတ်မူ အများဆုံး ပြုလုပ်သော နိုင်ငံဖြစ်ခဲ့သည်။ ဂျီယီအိုသည် ခွဲစိတ်ပြုပြင်ထားသူများကို ဓာတ်ပုံများ ရိုက်ကူးရာတွင် အချိန်ယူခဲ့ရသည်။ ချက်ချင်း ခွဲစိတ်ထားသူများကို ရှာဖွေရသည်။ အများစုက သူငယ်ချင်း၊ မိတ်ဆွေနှင့် မိသားစုဝင်များ မရှိကြပေ။ ထို့ကြောင့် ဂျီယီအိုအတွက် ပင်ပန်းစရာများ ဖြစ်လာသည်။ ခွဲစိတ်ထားသူများကို ပြုစုစောင့်ရှောက်ပေးရသည့် တာဝန်ကိုပါ ရယူနေရသည်။ အမျိုးသမီး တစ်ဦးဆိုလျှင် ဂျီယီအို၏ အခန်းတွင် တစ်ပတ်ခန့် နေထိုင်သွားခဲ့သည်။ ခွဲစိတ်ရာတွင် အမျိုးမျိုးရှိသည်။ အချို့က ရင်သားများကို ခွဲစိတ်ကြသည်။ သို့သော် တောင်ကိုရီးယားရှိ အမျိုးသမီးများသည် ရင်သားခွဲစိတ်မှု ပြုလုပ်ခြင်း အလွန်နည်းသည်။ နှာခေါင်းနှင့် မေးစေ့ကိုသာ အဓိက ခွဲစိတ်ကြသည်။ အမျိုးသမီးတစ်ဦးဆိုလျှင် ခွဲစိတ်မှု (၁၆) ကြိမ်ကို ခြောက်လအတွင်း ပြုလုပ်ခဲ့ကြောင်း ဂျီယိုအိုက ဟြေကြားခဲ့သည်။
    အဆိုပါအမျိုးသမီးသည် မေးစေ့ကို ခွဲစိတ်ပြီးနောက် အခြားအရာများကို ဆက်တိုက် ခွဲစိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ခွဲစိတ်ရာတွင် အရွယ်အမျိုးမျိုး ရှိသည်။ အသက်(၂၀) ကျော်နှင့် ( ၃၀) ကျော်များ အများဆုံး ပြုလုပ်လျက်ရှိသည်။ ဂျီယိုအိုက အနောက်နိုင်ငံများနှင့် တောင်ကိုရီးယား အမျိုးသမီးများအကြား ခွဲစိတ်ရာတွင် မည်သည့်အချက်တွေ ကွာခြားသည်ကို သိရှိလိုသောကြောင့် ဓာတ်ပုံရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း၊ အနောက်နိုင်ငံရှိ အမျိုးသမီးများသည် ရင်သားကိုသာ ဦးစားပေး ခွဲစိတ်နေသော်လည်း တောင်ကိုရီးယား အမျိုးသမီးများမှာ နှာခေါင်းနှင့် မေးစေ့ကို အဓိက ခွဲစိတ်ကြကြောင်း ဟြေကြားခဲ့သည်။  ထို့ပြင် မျက်လုံးတွင်ရှိနေသော ဖောင်းကားနေသည့် အသားများကိုလည်း လျှော့ချပစ်ခဲ့သည်။ ထို့ကြောင့် တောင်ကိုရီးယား အမျိုးသမီးများ၏ နှာခေါင်း၊ မေးစေ့နှင့် မျက်လုံးများသည် လှပနေခြင်း ဖြစ်သည်။ ယင်းသို့ ပြုလုပ်ရာတွင် ငွေကြေး အများအဟြး သုံးစွဲခဲ့ပြီး အချို့ဆိုလျှင် ချေးငှားပြီး ပြုလုပ်နေကြကြောင်း သိရသည်။
The Messenger
http://www.messengernewsjournal.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment