ကွန်ဒုဇ်မြို့ကို အာဖဂန်တပ်များပြန်သိမ်း


 ကဘူးလ် အောက်တိုဘာ ၁

အာဖဂန် အစိုးရတပ်ဖွဲ့ဝင်များအနေဖြင့် ကြာသပတေးနေ့ အစောပိုင်းတွင် မဟာဗျူဟာကျသည့် ကွန်ဒုဇ်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း၊ ပြည်နယ်မြို့တော် ကွန်ဒုဇ်ကို သုံးရက်ကြာဆုံးရှုံးပြီး ပြန်လည်တိုက်ယူနိုင်ခဲ့ ကြောင်း အာဖဂန် တာဝန်ရှိ သူများက ပြောသည်။

တန်ပြန်ထိုးစစ်ဆင်မှု အသေးစိတ်ကို ထုတ်ပြန်နိုင်ခြင်း မရှိသေးသော်လည်း မြို့၏နေရာအများစုကို အာဖဂန် အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဟု ဆိုသည်။

 အစိုးရ၏ ကွန်ဒုဇ်မြို့ကို ပြန်သိမ်းသည်ဆိုခြင်းကို တာလီဘန်တို့က ငြင်းဆိုထားသည်။ တာလီဘန်တိုက်ခိုက်ရေးသမားများသည် မြို့လယ်တွင် အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ကြောင်း တာလီဘန်တို့က ဆိုသည်။

သို့သော်လည်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါလတ်ဝါဇီရီက ပြောဆိုရာတွင် တာလီဘန်များ ကွန်ဒုဇ်မြို့မှ ထွက်ခွာသွားပြီဖြစ်ကြောင်း၊ တာလီဘန် ၁၅ဝ သေဆုံးပြီး ၉ဝ ဒဏ်ရာရရှိကြောင်း အဆိုပါဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြသည်။

အာဖဂန်လုံခြုံရေးတပ်များသည် လွန်ခဲ့သောညက တိုက်ပွဲအကြီးအကျယ်ဆင်နွှဲပြီး ကွန်ဒုဇ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ ပြီဖြစ်ကြောင်း ကွန်ဒုဇ်ပြည်နယ်ယာယီအုပ်ချုပ်ရေးမှူး ဒန်နစ်ရှီက ပြောသည်။

(ရိုက်တာ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment