သမီးဖြစ်သူက ရည်းစားနှင့်ချိန်းတွေ့ရန် စတိုးဆိုင်တဆိုင်မှ ကွန်ဒုံးများကို အလစ်သုတ်စဉ်ဖမ်းမိသွားခဲ့မှု ကြောင့် ဖခင်ဖြစ်သူက အရှက်ရပြီး သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ခဲ့မှု ဂျာမနီတွင် ဖြစ်ပွားခဲ့သည်။ အသက် ၅၁ နှစ်အရွယ်ရှိ ဖခင် အဆာဒူလာခန်ဆိုသူက သမီးဖြစ်သူ အသက် ၁၉ နှစ် အရွယ်ရှိ မစ္စလာရိဗ်ကို လည်ပင်း ညှစ်သတ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။
အဆာဒူလာခန်သည် လာရိဗ်ကို လည်ပင်းညှစ်သတ်ခဲ့ပြီး ဇနီးသည် ရှာဇီယာ (၄၁နှစ်)နှင့်အတူ လာရိဗ်၏ အလောင်းကို အ၀တ်အစားများဝတ်ပေးပြီး ဘီးတပ်ကုလားထိုင်ပေါ်တင်ကာ ဂျာမနီနိုင်ငံ၊ ဒမ်းစတတ် မြို့ရှိ အဆင့်မြင့်တိုက်ခန်းပေါ်မှချခဲ့သည်။ ယင်းနောက် ကားဖြင့်တင်ပြီး တောတွင်းတနေရာရှိ တမံ(ရေကာတာ) တခုပေါ်မှနေ၍ တွန်းချခဲ့သည်။
နောက်တရက်တွင် မစ်္စလာရိဗ် အလောင်းကို လမ်းသွားလမ်းလာများက တွေ့ ရှိခဲ့သည်။ လာရိဗ်သည် အိမ်နှင့်စကားများပြီး အပြင်ထွက် နေခဲ့သည်မှာ ရက်အတော်ကြာကြောင်း၊ တရက်တွင် စတိုးဆိုင်မှ ကွန်ဒုံးခိုးမှုဖြင့် ရဲကအကြောင်းကြား၍သိခဲ့ရပြီး ယင်းကိစ္စကို ဖခင်ဖြစ်သူထံ အကြောင်းကြားခဲ့ ကြောင်း၊ မိခင်ဖြစ်သူ ရှာဇီရာက တရားရုံးတွင် အစစ်ခံခဲ့သည်။ ယင်းနောက် လာရိဗ်ကို အိမ်မှပေးမထွက်ဘဲ ထားပြီး ရည်းစားနှင့်အဆက်ဖြတ်ခိုင်းသော်လည်း မစ္စလာရိဗ်က ရည်းစားနှင့်ပြန်ဆက်ခဲ့သည့်အပြင် မွတ်ဆလင် ထုံးစံအရ ခေါင်းစည်းပ၀ါစည်းရန် ငြင်းဆန်ခဲ့ သည်ဟုဆိုသည်။ ၎င်းတို့မိသားစုသည် ပါကစ္စတန်နိုင်ငံမှ ဂျာမနီသို့ ပြောင်းရွှေ့အခြေချနေထိုင်ကြသည့် မွတ်ဆလင်ဘာသာဝင်များ ဖြစ်ကြသည်။
ထွဋ်ဝင်းထွဋ်- UK times
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

0 comments:
Post a Comment