အာဖဂန်မြေငလျင် လှုပ်ခတ်ရာဒေသ တာလီဘန်များ သောင်းကျန်းနေ၍ အခက်ကြုံ


 ကဘူးလ် အောက်တိုဘာ ၂၈

 ယခု သီတင်းပတ်အတွင်း အင်အားပြင်းထန်စွာ လှုပ်ခဲ့သော ငလျင်ဒဏ်ခံရသည့် အာဖဂန် မြောက်ပိုင်း ပြည်နယ်တစ်ခုမှ ခရိုင် တစ်ခုအတွင်း တာလီဘန်များ သောင်းကျန်းနေ၍ လုံခြုံရေး အခြေအနေကြောင့် တောင်တန်း ဒေသများသို့ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများ က ပြောသည်။

တာလီဘန် တိုက်ခိုက်ရေးသမား များက ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် တပ်ခ်မင်နစ္စတန်နှင့် နယ်စပ် တာခါး ပြည်နယ်၏မြို့တော် ဒါကန်းခရိုင် မြို့ကို ထိန်းချုပ်ထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ ခရိုင်ပတ်ဝန်းကျင် တွင် ကြီးကြီးမားမား ထိခိုက် ပျက်စီးခြင်း မရှိသော်လည်း တာလီ ဘန်တို့ သောင်းကျန်နေသည်ဟု ဆိုသည်။
ထိုငလျင်ကြောင့် အာဖဂန်နှင့် ပါကစ္စတန်တို့တွင် လူပေါင်း ၃ဝဝ ကျော် သေဆုံးခဲ့ရသည်။ သို့သော် လည်း တာခါးပြည်နယ်တစ်ခုလုံး တွင် သေဆုံးသူ အနည်းဆုံး ၁၅ ဦးနှင့် ဒဏ်ရာရသူ ၄ဝ ရှိသည်ဟု ဆိုသည်။

ယမန်နေ့ညက ခြောက်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်များ အဆိုပါ ခရိုင်မှ ဆုတ်ခွာ ခဲ့ရကြောင်း တာခါးရဲအရာရှိချုပ် ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် ခါလီ အာဆာက ပြောသည်။
(ရိုက်တာ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment