အချစ်ရေးက ဘာမှန်းတောင် မသိတော့ပါဘူးလို့ ဖွင့်ဟလာတဲ့ သဉ္ဖာနွယ်ဝင်း


အနုပညာသက်တမ်း ခြောက်နှစ်ကျော်အတွင်းမှာ ကားရိုက်ပိုင်းနဲ့ ပတ်သက်ပြီး နေရာတစ်နေရာလဲ ရလာသလို ဖက်ရှင်ပိုင်းနဲ့ပတ်သက်လာရင်လည်း အရင်ထက် ပိုမိုက်လာတဲ့ သဉ္ဖာနွယ်ဝင်းနဲ့တွေ့ဆုံခိုက် သိချင်တာလေးတွေကိုမေးမြန်းဖြစ်တဲ့အခါ
-ဒီနေ့ရိုက်တဲ့ ဇာတ်ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
ဒီနေ့ရိုက်တဲ့ ကားလေးက မိုးလုံလေလုံအိမ်ထောင်ပြုသည်တဲ့။ ဒီကားလေးထဲမှာ သဉ္ဖာကထက်မြက်တယ်။ မိဘပေးစားတဲ့သူကိုယူလိုက်ပေမဲ့ သူလဲချစ်တယ်။ အဲ့ဒီမှာသ၀န်တွေတိုပြီးပြသနာတွေတက်တယ်ပေါ့။ အဲ့ဒီလိုပုံစံလေးပါ။ မင်းသားက ကိုအောင်ရဲလင်းပေါ့။
-အိမ်ထောင်ရေးဇာတ်ဆိုတော့ ကိုယ်သရုပ်ဆောင်ရမဲ့ ဇာတ်ကောင်စရိုက်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုးလေးလေ့လာထားလဲ။
ဒီကားလေးက ဒီဇိုင်နာပေါ့။ ထက်လဲ ထက်မြက်တယ်။ အိမ်ထောင်ရှင်လဲဖြစ်တယ်ဆိုတော့ ကြည့်လိုက်ရင် စမတ်ကျပြီးထက်မြက်တဲ့ ပုံစံပေါက်ရမယ်ပေါ့။ အရမ်းပေါ်တဲ့ဟာမျိုးတွေမဟုတ်ပေမဲ့ ခေတ်ရှေ့ပြေးတဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေကို ဒီကားအတွက်စီစဉ်ထားပါတယ်။
-ဖန်တီးပေးတဲ့ ဒီဇိုင်နာကရော။
အပြင်ဝတ်စုံတွေလဲ ၀တ်ဖြစ်တယ်။ နောက်ဒီဇိုင်နာ မအေးအေးသွယ် ချုပ်ပေးတဲ့ဟာတွေလဲ ၀တ်ဖြစ်တယ်။ သူကတော့ သဉ္ဖာရဲ့ပင်တိုင်ဒီဇိုင်နာပေါ့။
-ဇာတ်လမ်းရွေးချယ်တဲ့အခါမှာ လက်ခံပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ငြင်းလိုက်ရတဲ့ကားတွေရော ရှိမလား။
သဉ္ဖာမရိုက်ဖြစ်တဲ့ကားကို တခြားညီအမတွေ ရိုက်ဖြစ်တာမျိုးရှိတယ်။ နောက်တခြားအမတွေ မရိုက်ဖြစ်တဲ့ကားကို သဉ္ဖာနဲ့မှပြန်ပြီးရိုက်ဖြစ်သွားတာမျိုးလဲရှိတယ်။ ဒါကတော့ အနုပညာလုပ်နေတဲ့သူအချင်းချင်းသိပါတယ်။ တခါတလေကျရင် အမရယ်သူတို့ရက်တွေညှိလို့မရတဲ့အခါမျိုးမှာ လူပြောင်းတာတွေရှိတယ်။ ဒီဇာတ်ကကိုယ်နဲ့ပဲလိုက်တယ်ဆိုတာမျိုးလဲမရှိဘူး။ အားလုံးကလဲ လုပ်နိုင်ကြတဲ့အတွက် အပြောင်းအလဲလေးတွေဖြစ်သွားတာမျိုးတော့ရှိတတ်ပါတယ်။
-ဖေ့စ်ဘုတ်ရော သုံးဖြစ်လား။ ဖေ့စ်ဘုတ်သုံးခြင်းရဲ့ ကောင်းခြင်းဆိုးခြင်းလေးတွေကိုလဲ နှိုင်းယှဉ်ပြပါဦး။
ဖေ့စ်ဘုတ်ကပြန့်လွယ်တယ်။ မဟုတ်တဲ့ကိစ္စတစ်ခုကို ဟုတ်တဲ့ ပုံစံနဲ့တစ်ယောက်ကရေးမယ်။ အဲ့ဒါကို တခြားလူတွေကထောက်ခံပေးမယ် ဆိုရင်လဲ မဟုတ်တာတွေက ဟုတ်တဲ့ပုံစံနဲ့ လူအများကြားကို ပြန့်လွယ်တယ်။ မဟုတ်တာ လူတွေကလဲ အရမ်းကောင်းတဲ့ပုံစံမျိုးနဲ့နေပြလို့ရတယ်။ ဖေ့စ်ဘုတ်ကတိုက်ခိုက်တာတွေကို သိပ်ပြီးခေါင်းထဲ မထည့်တော့ဘူး။ ကိုယ်ကောင်းကောင်းမွန်မွန်နေတယ်။ ကောင်းကောင်းမွန်မွန်အလုပ်လုပ်တယ်။ ကိုယ့်ဟာကိုယ် သိရင်ကျေနပ်ပါပြီ။
-သဉ္ဖာကိုယ်တိုင်ရော ဖေ့စ်ဘုတ်ကို ဘာအတွက်အဓိကသုံးဖြစ်လဲ။
သဉ္ဖာလဲဖေ့စ်ဘုတ်သုံးတယ်။ အဲ့ဒီထဲမှာ သဉ္ဖာစလုပ်ကတည်းကစ အားပေးတဲ့သူတွေလဲရှိတယ်။ ပြီးတော့ အခုမှအားပေးတဲ့ ကလေးလေးတွေညီမလေးတွေလဲရှိတယ်။ သူတို့နဲ့အဆက်အသွယ်လုပ်ရတာပျော်တယ်။ ရှုတင်မှာ တခါတလေ အရမ်းပင်ပန်းရင်တောင် သူတို့တွေပို့တဲ့စာတွေကအပန်ပန်းခံရကျိုးနပ်တယ်။ အဲ့ဒါကြောင့်ဖေ့စ်ဘုတ်ကို သဉ္ဖာသုံးတယ်။ အဓိကကသူတို့တွေနဲ့ရင်းနှီးထိတွေ့ချင်လို့ပါ။ ပြီးတော့ သဉ္ဖာမှာ Friend က လေးရာတောင်မပြည့်ပါဘူး။
-Instagram  ရောသုံးဖြစ်လား။
Instagram ကအရင်က သဉ္ဖာမသုံးဘူး။ ဒါပေမဲ့ သဉ္ဖာနာမည်နဲ့တစ်ယောက်က သုံးထားတာတွေ့လို့ လူတွေအကုန်လုံးက အဲ့ဒါကို သဉ္ဖာလို့ပဲထင်နေကြတယ်။ နောက်ပြီး တခြားအနုပညာရှင်တွေရဲ့အောက်မှာလဲ comment တွေသွားပေးတယ်။ အားလုံးက သဉ္ဖာ့ကို Instagram သုံးတယ်ပဲ ထင်နေကြတယ်။ တခြားအနုပညာရှင်တွေက Instagram သုံးကြည့်ပါတဲ့။ followed လုပ်တာတွေက ဟိုဖက်ကနေသည်ဖက်ကို ရောက်လာလိ့မ်မယ်။ အထင်မှားတာ သိပ်မခံရဘူးဆိုလို့Instagram တော့သုံးဖြစ်ပါတယ်။
-ရှုတင်အားရက်တွေမှာရော ဘယ်လိုစိတ်အပန်းဖြေဖြစ်လဲ။
သီချင်းပေါ့။ စာသားမပါတဲ့ တီးလုံးလေးတွေနားထောင်ဖြစ်တယ်။ ကာတွန်းကားလေးတွေကြည့်ဖြစ်တယ်။ နောက်ပျော်စရာကားလေးတွေကြည့်ဖြစ်ပါတယ်။
-လူအများကြီးနဲ့ဆက်ဆံရတဲ့အလုပ်ကို လုပ်နေတဲ့အတွက် လူမှုဆက်ဆံရေးပိုင်းကိုရော ဘယ်လိုမျိုးလေးနားလည်ထားလဲ။
အနုပညာသမားတစ်ယောက်က လူမှုဆက်ဆံရေးက အရမ်းအဓိကကျတယ်။ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ထိကို အဓိကကျတယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ အကုန်လုံးက စိတ်နဲ့ပဲ အလုပ်လုပ်နေရတာဖြစ်တဲ့ အတွက်ကိုယ်က လူမှုဆက်ဆံရေးမကောင်းဘူးဆိုရင် ကိုယ့်ကိုကြည့်တဲ့အခါ သူတို့ကစိတ်ရှုပ်ပြီး နောက်တစ်ခါကိုယ်နဲ့ပတ်သက်မှာမဟုတ်ဘူးဆိုတော့ လူမှုဆက်ဆံရေးလဲကောင်းဖို့လိုသလို ကြိုးစားဖို့လဲလိုပါတယ်။
-ဘာသာရေးနဲ့ပတ်သက်ပြီးတော့ရော ဘာတွေလုပ်ဖြစ်လဲ။
ဘာသာရေးက လုပ်တဲ့အထဲ မှာပါတယ်။ ပုံမှန်ထက် နည်းနည်းလေးပိုလုပ်တဲ့ အထဲမှာပါတယ်။ ကိုးန၀င်းလဲစိတ်တယ်။ ပဌာန်းအကျယ်လဲ ရွတ်တယ်။ ညဆို မေတ္တာပို့အမျှဝေလုပ်တယ်။ ပြီးတော့ မေတ္တာသုတ်တွေလဲ ရွတ်တယ်။ သေသေချာချာလေး လုပ်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းမှာ သဉ္ဖာယုံကြည်တာက ကိုယ့်မိဘတွေရယ်၊ ဘုရားရယ်ပဲ ကိုယ့်ကိုစောင့်ရှောက်နိုင်မှာလေ။ ဘုရားကတော့ ကိုယ့်ကို ကာကွယ်စောင့်ရှောက်နိုင်တယ်။ အဲ့ဒီအတွက် ဘုရားဂုဏ်တော်တွေလဲ ရွတ်တယ်။ ပြီးတော့ အရင်ကဆို မိရိုးဖလာဗုဒ္ဒဘာသာမျိုးဖြစ်တယ်။ ကိုယ့်မိဘတွေကိုးကွယ်လို့သာလိုက်ကိုးကွယ်တာ ယုံကြည်မှုရှိပေမဲ့ အရမ်းကြီးယုံကြည်စိတ် မပြင်းထန်ဘူး။ အခုနောက်ပိုင်းမှာတော့ ဘုရားတရားကို ကိုယ်ကိုတိုင်လဲယုံကြည်စိတ်ပြင်းထန်ပြီး အရမ်းလဲမြတ်နိုးတန်ဖိုးထားတယ်။
-မိရိုးဖလာ စိတ်ကနေ အရမ်းကိုယုံကြည်လာတယ်ဆိုတဲ့နှ စ်ခုကြားက ပြောင်းလဲလာမှုလေးကိုလဲသိချင်ပါတယ်။
အဲ့ဒါကျတော့ သဉ္ဖာကိုမြင့်မြတ်နဲ့ကမ္ဘာဦးမှတ်ပုံတင် ကားရိုက်တဲ့အချိန်မှာ အစ်ကိုတစ်ယောက်ရဲ့ဇနီးက ပဌာန်းရွတ်ပါလားတဲ့။ ပဌာန်းက အရမ်းကောင်းတယ်တဲ့။ အဲ့ဒီအရှေ့မှာ သဉ္ဖာ ဘုရားဂုဏ်တော်တွေတော့ဖွင့်တယ်။ ပဌာန်းတော့ မရွတ်ဖြစ်ဘူး။ ဒါပေမဲ့ အဲ့ဒီအမ တိုက်တွန်းလို့သဉ္ဖာရွတ်တယ်။ လေးလလောက်ကြာတော့ ထူးခြားတယ်။ ကံလဲ ပိုကောင်းတယ်။ လူချစ်လူခင်လဲ ပိုများတယ်။ ကိုယ်က တစ်ခုခုရန်ရှိရင်တောင် ကိုယ့်ကိုဘေးမှာ တစ်ယောက်ယောက်က လာပြောနေသလို ရုတ်တရက်သိသွားတာမျိုး အဲ့ဒီလိုမျိုးဖြစ်တယ်။ ပြောရင် ဘယ်သူမှယုံမှာ မဟုတ်ဘူး။ ဒါပေမဲ့ တကယ်ကိုခက်ခဲ့တဲ့ဟာတွေ အန္တရယ်များတဲ့ဟာတွေဆို ကိုယ့်ကို လာသတိပေးနေသလိုပါပဲ။
-အရင်က ရဲရင့်အောင်နဲ့ဆို အိမ်က တွဲရိုက်ဖို့ ခွင့်မပြုဘူးနော်။ ခုနောက်ပိုင်း ရဲရင့်အောင်နဲ့ရိုက်တဲ့ ကားလေးတွေ၊ ကြော်ငြာလေးတွေတွေ့လာရတယ်။ အဲ့ဒီအပိုင်းလေးကိုလဲပြောပြပေးပါဦး။
ဟုတ်။ အရင်ကတော့ ပေးမရိုက်ဘူး။ ခုတော့ ဆုံဖြစ်တယ်။ သူကအရည်အချင်းလဲရှိတယ်။ နောက်အောင်မြင်နေတဲ့ သူတစ်ယောက်၊ ကြော်ငာလုပ်ငန်းရှင်တွေကလဲသဉ္ဖာနဲ့သူ့ကို ကြော်ငြာလေးတွေရိုက်ဖို့အတွက်မြင်တယ်။ အဲ့ဒီအတွက်ကြောင့်ရိုက်ဖြစ်တယ်။ လူတိုင်းနဲ့တော့ ဒီလိုပဲရိုက်နေတာပါပဲ။ ဗီဒီိယိုတစ်ကား၊ ကြော်ငြာက ၂ခု ၃ခုလောက်ရိုက်ထားပါတယ်။ လို့ပြောပြခဲ့ပါတယ်။
-အချစ်ရေးလေး ပြောပြပေးပါဦး။
နှစ်ယောက်ကြား အဆင်မပြေတာ အလိုမကျတာလေးတွေလည်း ရှိနေတယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း သူများတွေလို တွေ့ဖို့ အဆင်မပြေကြဘူး။ အချစ်ရေးက ဘာမှန်းတောင် မသိတော့ပါဘူး။
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment