မြန်မာ့ရုပ်ရှင်လာကရဲ့လက်ရှိ လူကြိုက်အများဆုံးနဲ့ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို အခံရဆုံး မင်းသားတွေထဲက တစ်ယောက်က အောင်ရဲလင်းပါ။ Gym ကို အသက်၁၆ နှစ်အရွယ်ကတည်းကနေ ယနေ့အထိ မပြတ်ဆော့လာခဲ့တဲ့ အတွက်ကြောင့် လက်ရှိမှာ ယောကျာ်းချင်းတောင် အားကျရတဲ့ Body မျိုး ပိုင်ဆိုင်ထားပြီးဖြစ်သလို သူဖန်တီးတဲ့ အနုပညာခရီးလမ်းတစ်လျှောက်မှာလဲ ပြောင်းလဲမှုအမျိုးမျိုးနဲ့ပရိသတ်အာရုံကို ဖမ်းစားနိုင်လွန်း ခဲ့တဲ့ အောင်ရဲလင်းနဲ့တွေ့ဆုံခိုက်
-အခုရိုက်နေတဲ့ကားလေး အကြောင်းကို အရင်ပြောပြပေးပါဦး။
ဒီကားလေးက မိုးလုံလေလုံ အိမ်ထောင်ပြုသည်တဲ့။ အိမ်ထောင်ရေးကားလေးပေါ့။ ဒီကားလေးကကျွန်တော့အတွက်အထူးတလည်ပြင်ဆင်ရတာမျိုးမရှိဘူး။ အိမ်ထောင်ရေးကားဆိုတော့ အိမ်ထောင်ရေးပုံစံလေးပါပဲ။ မင်းသမီးကသဉ္ဖာနွယ်ဝင်းနဲ့ပါ။
-ဒီကားပြီးရင် လက်ခံထားတဲ့ အခြားအနုပညာလှုပ်ရှားမှုတွေက။
ဒါပြီးရင် စနိုးဝှိုက်နဲ့ ကားကြီး၂ကားရိုက်မယ်။ တစ်ကားက ခိုင်သင်းကြည်ဟာသကားလေး၊ နောက်တစ်ကားက သက်မွန်မြင့် ဒရာမာကားလေးပေါ့။ အဲ့ဒါပြီးရင်ကြော်ငြာလေးတွေလက်ခံထားတာရှိပါတယ်။
-အခုနောက်ပိုင်းကြော်ငြာတွေက ဘန်ကောက်မှာသွားရိုက်ရတာတွေ့ရတယ်။ ဟိုကလူတွေနဲ့ရိုက်ရတဲ့ အတွေ့အကြုံက ဘာတွေများဖြစ်မလဲ။
အဓိကကြော်ငြာရိုက်တဲ့ ဟာကတော့ ဘန်ကောက်မှာ သွားရိုက်တဲ့အခါ ဟိုကရှုခင်းတွေနဲ့ကျွန်တော်တို့ဝတ်တဲ့ အ၀တ်အစားတွေနဲ့လိုက်ဖက်အောင် အမြဲတမ်းပြင်ဆင်ရတယ်။ အတွေ့အကြုံကတော့ ဘန်ကောက်က Crew နဲ့ရိုက်ရင်လဲ ဒီကနဲ့သိပ်မကွာတော့ပါဘူး။
-ဟိုမှာ သွားရိုက်တဲ့ကြော်ငြာတွေမှာ အ၀တ်အစားပိုင်းနဲ့ပတ်သက်ပြီးသူတို့စီစဉ်ပေးတာလား။
သူတို့စီစဉ်ပေးတာမျိုးလဲ ရှိတယ်။ ကျွန်တော်တို့ကို ဒါရိုက်တာပြောတဲ့ဟာအတိုင်း စီစဉ်ပြီးသွားရတယ်။
-အခုနောက်ပိုင်း ၀တ်ပုံစားပုံ သွားပုံလာပုံ နေပုံထိုင်ပုံ တွေက အရင်ကထက်ပိုပြီးရင့်ကျက်လာတာတွေ့ရတယ်နော်။
ကျွန်တော်တို့ကငယ်မှမငယ်တော့တာတကယ်တမ်းစဉ်းစားကြည့်ရင်လေ ကလေးလိုနေလို့လဲမရတော့ဘူး။ အရင်တုန်းကတော့ ကလေးလိုနေတာကပြသနာမရှိဘူး။ အခုအချိန်မှာက အသက်အရွယ်ကြီးလာလေလေ၊ ကိုယ့်ကိုကိုယ် တာဝန်ယူမှုအပိုင်းတွေကြီးလာလေလေပဲ။ ပုံစံကလဲ တစ်ကားပြီးတစ်ကားပုံစံတွေပြောင်းအောင်ကာရိုက်တာတွေပြောင်းအောင်လုပ်ရတာပါပဲ။ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ပြင်ဆင်မှု အပိုင်းတွေက အစ ပြောင်းလဲဖြစ်လာအောင်ပြောင်းလဲဖြစ်သွားအောင်ပြောင်းလဲရတာပါ။
-အခုနောက်ပိုင်း အရင်ကထက် body ပိုင်းတွေပိုပြီးမိုက်လာတယ်။ body ပိုင်းနဲ့ပတ်သက်ပြီး ထိန်းသိမ်းပုံလေးကိုလဲ သိချင်ပါတယ်။
ကျွန်တော် Gym နေ့တိုင်းဆော့ဖြစ်တယ်။ မအားလို့ လုံးဝသွားမဆော့နိုင်တဲ့နေ့ဆို အပြင်မှာပြေးတယ်။ ကြိုးခုန်တယ်။ အဲ့ဒါတွေက ကျွန်တော့်အတွက်နေ့တိုင်း အားကစားနဲ့ပတ်သက်ပြီးလုပ်ဖြစ်တာတွေပေါ့။ တစ်ရက်မှလဲ အပျက်မခံပါဘူး။ ကျွန်တော် Gym ကို အသက်၁၆ နှစ်အရွယ်ကတည်းက စပြီးဆော့ခဲ့တာ အခုချိန်ထိပဲပေါ့။
-ဘယ်မှာ အများဆုံးဆော့ဖြစ်လဲ။
Balence မှာပဲဆော့ဖြစ်ပါတယ်။
-အရင်ကထက်ပိုပြီး မိုက်လာတဲ့ body ကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ အစားအသောက်ပိုင်းနဲ့ပတ်သက်ပြီး ထိန်းပုံလေးကိုလဲသိချင်ပါတယ်။
ကျွန်တော်ညစာမစားဖြစ်တော့တာ ၃နှစ်နီးနီးရှိတော့မယ်။ ညဘက် ထမင်းမစားဘူး။ တခြားအသားတွေမစားဘူး။ အသီးတော့စားတယ်။ ထမင်းက ကာဗွန်ဟိုက်ဒရိတ် များလို့မစားဘူး။ နောက်နေ့ရှုတင်မသွားနိုင်လောက်အောင်ဖြစ်မှ ထမင်းစားဖြစ်တယ်။ နည်းနည်းအာဟာရဖြစ်သွားအောင်ပေါ့။ ကိုယ့်ကိုကိုယ်နေ့တိုင်းမြင်နေတဲ့ အတွက်ကြောင့် ၀လာလား။ ပိန်သွားလားဆိုတာကိုလဲ ကိုယ့်ကိုကိုယ်မှတ်မိတယ်။ နည်းနည်းလေးဝချင် သလိုလိုဖြစ်လာပြီဆို လေ့ကျင့်ခန်း အစီအစဉ်တွေပြန်ပြောင်းဖြစ်တယ်။ အမြဲတမ်း တစ်သမတ်တည်းသွားလို့မရဘူး။ ဒါကလဲ ကျွန်တော်ကစားရင်း ကစားရင်းနဲ့သိလာတဲ့ အရာတွေပေါ့။ အဓိက အားကစားကနေ့တိုင်း လုပ်တာကောင်းတယ်။ အသားအရေအတွက်လဲကောင်းသလိုချွေးလဲ ထွက်တယ်။ stress မရှိဘူး။ နောက်နေ့အတွက်လဲ လန်းဆန်းစေတယ်။ ကိုယ်လုပ်မဲ့ဟာတွေ အကုန်လုံးကလဲ အသစ်ဖြစ်စေတယ်။ အားကစားက အဓိကကျတယ်။
-အစ်ကို့လို body ပိုင်းကို ထိန်းသိမ်းချင်တဲ့အစ်ကို့ပရိသတ်တွေကိုရော ဘယ်လိုလေး ပြောပြချင်သေးလဲ။
အဓိကကတော့ body ကိုသေချာမှန်အောင်ဆော့စေချင်တယ်။ နောက်တစ်ခုကပြေးရမယ်။ အများကြီး မဟုတ်ဘူး။ တစ်နေ့ကို ၅မိနစ်လောက်ရရင် ၅မိနစ်လောက်ပြေးရမယ်။ ပြီးရင်ကြိုးခုန်၊ နောက်ညဖက်ဖြစ်နိုင်ရင် ထမင်းမစားနဲ့ပေါ့။ အဲ့ဒါဆို body က အဆီမရှိတော့ဘူး။ ညစာစားတာက တကယ်တော့လဲမကောင်းဘူး။ ထမင်းစားရင် ကိုယ်ဆော့ထားသမျှက အဆီပြန်ဖြစ်တယ်။ အဲ့ဒါကြောင့်ထမင်းကတော့ ဖြတ်ထားသင့်တယ်။
-အခြားအားကစားအနေနဲ့ရောဘာတွေလုပ်ဖြစ်သေးလဲ။
ငယ်ငယ်တုန်းကဆို လက်ဝှေ့ထိုးတယ်။ နောက်ပိုင်းကျတော့ Gym တောင်တော်တော်လေးအချိန်ပေးနေရတော့ Gym ကိုပဲ သေချာ အာရုံစိုက်ဆော့ဖြစ်တော့တယ်။ အခြားအားကစားတွေက လဲ ဆော့ချင်ပေမဲ့ အချိန်မရလို့မလုပ်ဖြစ်တာပါ။
-အခု ၂၀၁၅ ထဲမှာရော လက်ရှိပုံစံကိုပြောင်းလဲဖို့ရှိဦးမလား။
ကျွန်တော်ကတော့ ဘယ်လိုပုံစံပြောင်းမယ်ဆိုပြီး တစ်သမတ်တည်း မထားထားဘူး။ ကျွန်တော့စိတ်ကူးထဲမှာရလာတဲ့ အိုင်ဒီယာတွေကိုပဲပြောင်းကြည့်တယ်။ ပြောင်းကြည့်လို့မှ ပရိသတ်ကြိုက်တယ်။ မကြိုက်ဘူးဆိုတာ ကြာရင် အသံထွက်လာတာပဲလေ။ ဒီပုံပြီးရင် ဘာပုံထပ်ပြောင်းမယ်ဆိုတာကိုဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်လုပ်ခဲ့တဲ့အရာတွေ အားလုံးကသေချာစဉ်းစားပြီး plan နဲ့လုပ်တာမဟုတ်ဘူး။ အများကြီးလဲလေ့လာဖြစ်တယ်။ ကျွန်တော်လေ့လာထားတဲ့ အရာတွေနဲ့ကျွန်တော်နဲ့လိုက်မဲ့အရာတွေကိုပေါင်းစပ်ပြီး လုပ်ရတာဖြစ်တဲ့အတွက် ပုံစံကတော့ ပြောင်းမလားမေးရင်လောလောဆယ်မှာ ဘာထပ်ပြောင်းမလဲဆိုတာ မပြောတတ်သေးပါဘူး။ အရင်တုန်းကဆို အကိုနှုတ်ခမ်းမွှေးမထားဘူး။ အခုနှုတ်ခမ်းမွှေးထားလာတယ်။ ဒါလဲပြောင်းလဲမှုတစ်ခုပဲ။ နောက်ထပ်ဘာပုံစံပြောင်းမလဲဆိုတာတော့ ကျွန်တော်ကိုယ်တိုင်လဲ မသိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အမြဲတမ်းလေ့လာနေတာဖြစ်တဲ့အတွက်တစ်မျိုးမဟုတ်တစ်မျိုးတော့ပြောင်းလဲဦးမှာပါ။
-အခုနောက်ပိုင်းမှာ ကားရိုက်ပိုင်းနဲ့ပတ်သက်ပြီး အသေးစိတ်ပြင်ဆင်လာတာတွေ့ရတယ်။ ဘယ်သူကရော အများဆုံး ပံ့ပိုးပေးလဲ။
ကျွန်တော့်အမေကတော့ အစအဆုံး ကူညီပံ့ပိုးပေးပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲကြားထဲမှာလေ့လာလို့ရသမျှ အရာအားလုံးကိုလေ့လာပါတယ်။ အဓိကကတော့ ဖက်ရှင်ပေါ့။ ပြီးသွားရင်အိုက်တင်ပေါ့။ အဲ့ဒီအတွက် ရုပ်ရှင်များများကြည့်ဖြစ်တယ်။ နောက်သဘာဝကျတဲ့ ဇာတ်ရုပ်တွေကို အခုနောက်ပိုင်းပိုကြိုက်တယ်။ အဲ့ဒီလိုပုံစံမျိုးတွေပဲလုပ်သွားဖို့ရှိပါတယ်။
-စပြီး နာမည်တက်ကတည်းက မကျသွားပဲ မငြိမ်သွားပဲ ပုံမှန်လေးအောင်မြင်နေတယ်။ ဒီအောင်မြင်မှုကိုရော ဘယ်လိုလေးထိန်းထားဖြစ်လဲ။
အဓိကကတော့ စေတနာပါပဲ။ ကျွန်တော့အနေနဲ့ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ပါတယ်။နောက်တစ်ခုကကျတော့ ကျွန်တော့်အလုပ်ကိုပဲ ကျွန်တော်အာရုံစိုက်တယ်။ အခြားအရာတွေကို ကျွန်တော် worry မရှိဘူး။ အဓိကကတော့ အနုပညာအလုပ်ဆိုတာ စိတ်ကကြည်နေရင် အဆင်ပြေတယ်။ အဲ့ဒါကြောင့် အမြဲတမ်းစိတ်ကြည်အောင်နေတယ်။ ကျွန်တော့မှာ စိတ်ရှုပ်တာတွေဘာတွေ သိပ်မရှိတဲ့အတွက်အဲ့ဒါကလဲ အားသာချက် တစ်ခုဖြစ်မယ် ထင်ပါတယ်။
Trend Myanmar
0 comments:
Post a Comment