၁၄ ဘီးကုန်ကား ကမ်းနားလမ်းသစ်ပေါ်မှ လမ်းဟောင်းပေါ်သို့အရှိန်လွန်ကျ၍ လမ်းဘေးရပ်အိမ်စီးယာဉ်ငယ်ခြောက်စီးပျက်စီး


 ရန်ကုန် အောက်တိုဘာ ၁၈

 အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီခန့်က လသာမြို့နယ် (၁၉) လမ်း ကမ်းနားထိပ် ကွန်ကရစ်ကမ်းနားလမ်းသစ်ပေါ်၌ အနောက်မှ အရှေ့သို့ မောင်းနှင်လာသော ၁၄ ဘီး နောက်တွဲပါ ကုန်ကားယာဉ်အမှတ် ၅က/---- သည် တစ်ဖက်ဆန့်ကျင်ဘက်ယာဉ်ကြောကို ကျော်လွန်ပြီး သုံးပေ ခန့်နိမ့်သော ကမ်းနားလမ်းဟောင်းပေါ်သို့ အရှိန်လွန်ပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။

ယင်းသို့ ပြုတ်ကျမှုကြောင့် ကမ်းနားလမ်းဟောင်း၏ လမ်းဘေးယာဉ် ရပ်နားရာနေရာ၌ ရပ်ထားသော ယာဉ်ငယ်များအနက် အိမ်စီးယာဉ်ခြောက်စီး ထိခိုက်ပျက်စီးခဲ့သည်။ စူပါကပ်စတန်ယာဉ်အမှတ် 8I/ ---- အဖြူရောင်ယာဉ် သည် ရပ်ထားရာမှ တစောင်းလဲကျပြီး အဆိုပါကုန်ကားဖြင့် ဖိမိထား၍ ယာဉ်တစ်စီးလုံး ပျက်စီးခဲ့သည်။

ယင်းယာဉ်ဘေးရှိ ခဲသားရောင် ဟွန်ဒါဖစ်ယာဉ်အမှတ်6E/ ---- မှာ လည်း ရပ်ထားသည့်အတိုင်း အဆိုပါကုန်ကားပိမှုကြောင့် ထိခိုက်ပျက်စီးမှု များသည်။ ယင်းဘေးရှိ ဟိုင်းလတ်အပြာရောင် 2A/------ မှာမူ ပျက်စီးမှု နည်းသည်။ အနောက်ဘက်ခြမ်းရှိ ဟွန်ဒါဒီဗစ် 5G/ ---- ၊ အရှေ့ဘက်ခြမ်းရှိ ဆူဇူကီးယာဉ်အမှတ် 9I/ ---- နှင့်6E/---- တို့မှာ ထိခိုက်မှုနည်းသည်ဟု သွားရောက်ကြည့်ရှုခဲ့သည့် လမ်းမတော်မြို့နယ်မှ ကိုထူးက ဆိုသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားသောနေရာသို့ သက်ဆိုင်ရာက လာရောက်စစ်ဆေး အရေးယူခြင်း၊ ယာဉ်များဖယ်ရှားခြင်းများ လုပ်ဆောင်ခဲ့သည်။ ၁၄ ဘီး နောက်တွဲပါ ကုန်ကားမောင်းသူမှာ အခင်းဖြစ်ပွားသည့်နေရာ၌ မရှိသဖြင့် သက်ဆိုင်ရာက စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ခင်ဆိုင်

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment