အင်ဒိုတောမီး အမေရိကန်ထက် ဖန်လုံအိမ်ဓာတ်ငွေ့ ပိုထွက်

 

အင်ဒိုနီးရှားတွင် လောင်ကျွမ်းနေသော တောမီးကြောင့် ထွက်သည့် တစ်ရက်တာ ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏသည် အမေရိကန်နိုင်ငံက ထွက်သည့် တစ်ရက်တာ ပမာဏထက် ပိုများပြားကြောင်း ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ World Resources Institute ကဆိုသည်။
      အင်ဒိုနီးရှားတွင် ဆီအုန်းစိုက်ခင်းများ တိုးချဲ့ရန် လယ်မြေရိုင်းများကို ခုတ်ထွင်မီးရှို့ ရှင်းလင်းရာမှ တစ်ဆင့် တောမီး လောင်ကျွမ်းမှုသည် နှစ်လနီးပါး ကြာမြင့်နေပြီ ဖြစ်သည်။ အင်ဒို၊ မလေးရှားနှင့် စင်ကာပူတို့သည် တောမီးခိုးများကြောင့် လေထု အလွန်အမင်း ညစ်ညမ်းနေရသည်။ အသက်ရှူ လမ်းကြောင်းရောဂါ ဖြစ်ပွားသူ တိုးပွားလာနေသလို၊ လေထုအရည်အသွေး ဆိုးဝါးသည့် ရက်များတွင် ကျောင်းများလည်း ပိတ်ထားရပြီး လေကြောင်းပျံသန်းမှုများ ဖျက်သိမ်းရခြင်းများလည်း ရှိနေသည်။
      Global Fire Emissions Database အဖွဲ့က ကောက်ယူထားသော ကမ္ဘာတစ်ဝန်း တောမီးလောင်ကျွမ်းနှုန်းမှု စာရင်းများကို အခြေခံကာ World Resources Instituteက ထုတ်ပြန်ပြောကြားခြင်း ဖြစ်သည်။
      စက်တင်ဘာ အစောပိုင်းက စတင်ပြီး (၄၄) ရက်တာ ကာလအတွင်း (၂၆) ရက်တွင် အင်ဒို တောမီးကြောင့် ထွက်ရှိသည့် ကာဗွန်ပမာဏသည် အမေရိကန် တစ်နိုင်ငံလုံးက ထွက်ရှိသည့် ကာဗွန်ပမာဏထက် ပိုများပြားခဲ့ကြောင်း သိရသည်။
      ကမ္ဘာပေါ်တွင် တရုတ်ပြီးလျှင် အမေရိကန်သည် ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်သည်။ နှစ်စဉ်ခြောက်သွေ့သော ယခုကာလမျိုး ရောက်လျှင် အင်ဒိုဘက်တွင် စိုက်ခင်းများကို တရားမ၀င် ခုတ်ထွင် မီးရှို့လေ့ရှိရာ မီးခိုးဒဏ်ခံရသော မလေးရှားနှင့် စင်ကာပူတို့က နှစ်တိုင်း ကန့်ကွက်ရှုတ်ချလျက် ရှိသည်။          
Source: Reuters
The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment