မျိုးရိုးဗီဇကမောက်ကမဖြစ်ကာမွေးဖွားလာတဲ့ တိရစ္ဆာန်တွေကို အချိန်တိုင်းလိုလို တွေ့ ရှိနေရပါတယ်။ ဒါပေမယ့် ဒီလို ကျွဲတစ်ကောင်ကနေ မွေးလာတဲ့ ကျွဲကိုယ်၊ မိချောင်းခေါင်းနဲ့ တိရစ္ဆာန်က တွေ့ ရှိခဲ့သမျှတွေထဲမှာ အထူးဆန်းဆုံး တစ်ကောင်ဖြစ်ပါတယ်။
စိတ်ကူးယဉ်သိပ္ပံရှင်ရှင်ကားတွေထဲက အကောင်တစ်ကောင်လိုမျိုး၊ သဘာဝမကျတဲ့အထူးဆန်းဆုံး သတ္တ၀ါတစ်ကောင်ကို ထိုင်းနိုင်ငံက ဝေးလံခေါင်ပါးတဲ့ ရွာလေးတစ်ရွာမှာ တွေ့ ရှိခဲ့ရပါတယ်။ဒီထူးဆန်းတဲ့ သတ္တ၀ါဟာ အကြေးခွံတွေနဲ့ မာကျောတဲ့ ဦးခေါင်းတစ်ခုပါရှိပြီး မိချောင်းလိုမျိုး တွားသွားသတ္တ၀ါတစ်ကောင်ရဲ့ အရေပြား ပါရှိတာကို တွေ့ ရပါတယ်။ အနီးကပ်သေချာကြည့်မယ်ဆိုရင် ဒီသတ္တ၀ါဟာ ကျွဲနွားတွေရဲ့ ခြေလက်၊ကိုယ်လုံးနဲ့ ခွာတွေ ကိုလည်း တွေ့ ရမှာပါ။
ယခု ထူးဆန်းတဲ့သတ္တ၀ါဟာ ထိုင်းနိုင်ငံ၊ Wanghin ခရိုင်က ရွာတစ်ရွာ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မွေးဖွားစဉ်မှာ ကျွဲတစ်ကောင်အဖြစ်မွေးဖွားလာတယ်လို့ ထင်ရပေမယ့် သာမန်ကျွဲတစ်ကောင်ရဲ့ အသွင်အပြင်နဲ့ လုံးဝမတူနေတာကို တွေ့ ရပါတယ်။
ထိုင်းဝက်ဘ်ဆိုဒ် Rath ရဲ့ ဖော်ပြချက်အရ ဒီတိရစ္ဆာန်ဟာ မွေးပြီးပြီးချင်းပဲ သေဆုံးသွားခဲ့တယ်လို့  သိရပါတယ်။
Ref: Mirror
Trend Myanmar
0 comments:
Post a Comment