(၈) ထပ်ပေါ်က ပြတင်းပေါက်တွင် ဆော့ကစား ခဲ့သော သားငယ်လေး



အေသင်အောင်
           ရုရှားနိုင်ငံတွင် အသက်နှစ် နှစ်အရွယ် သားငယ်လေး တစ်ဦး  ရှစ်ထပ်ပေါ်ရှိ ပြတင်းပေါက်တွင် ဆော့ကစားခဲ့သောကြောင့် အားလုံး ထိတ်လန့် ခဲ့ရကြောင်း သိရသည်။ ကံကောင်းသည်မှာ သားငယ်လေးသည် မည်သည့် အန္တရာယ်မျှ မရှိခဲ့ခြင်းဖြစ်သည်။ သားငယ်လေးသည် ပြတင်းပေါက်တွင် တစ်မိနစ်ကျော် ရှိနေခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ရှိ နေစဉ် အတွင်း သူ၏ ဟန်ချက်ကို ထိန်းကာ ဆော့ကစား ခဲ့ခြင်း ဖြစ်သည်။ ငယ်ရွယ်လွန်းသော ကလေးငယ် တစ်ဦး အတွက် တစ်ချက် မှားသွားပါက အသက်ပါ ပေးရမည့် အခြေအနေမျိုး ဖြစ်သည်။ ပတ်ဝန်းကျင်က ယင်းဖြစ်ရပ်ကို မြင်တွေ့ပြီးနောက် ရဲတပ်ဖွဲ့ကို အကူအညီ တောင်းခံခဲ့သည်။ ယင်းကဲ့သို့ ဖြစ်နေစဉ် အတွင်း မိခင်ဖြစ်သူမှာ အိမ်တွင် ရှိနေပြီး နောက်ဖေး မီးဖိုချောင်တွင် ဟင်းချက်နေခြင်း ဖြစ်သည်။ မိခင်ဖြစ်သူက မိမိသည် ဟင်းချက်နေစဉ် ညှော်နံ့ရသွားသောကြောင့် ပြတင်းပေါက် တစ်ချပ်ကို ဖွင့်ထားခဲ့ကြောင်း၊ ထို့နောက် မိမိ အနေဖြင့် ပာင်းချက်ခဲ့ကြောင်း၊ သို့သော် နောက်သို့ ပြန်ကြည့်ရာတွင် ကလေး ဖြစ်သူသည်  ပြတင်းပေါက်ပေါ်  ရောက်နေကြောင်း၊  မိမိအတွက် အသက်မရှူနိုင်လောက်အောင် အထိ  တုန်လှုပ်ခဲ့ကြောင်း၊ ယင်းနောက် သားဖြစ်သူကို တဖြည်းဖြည်း ဆွဲခေါ်ရကြောင်း၊ ယင်းနောက် မိမိသည် ရှိုက်ကြီးတငင် ငိုခဲ့ရကြောင်း ပြောကြားခဲ့သည်။

The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment