ဈေးဝယ်သူက အရောင်းဝန်ထမ်း၏ မျက်နှာကို ပိုက်ဆံဖြင့် ပစ်ပေါက်




 ရောင်းသူနှင့် ၀ယ်သူအကြား ပြဿနာများ ရှိတတ်သည်ကို ယခုဖြစ်ရပ်က ပြသ သွားခဲ့သည်။ လက်ဝတ်ရတနာ အရောင်းဆိုင် တစ်ခုတွင် ပစ္စည်းများ လာရောက် ကြည့်ရှုသော အမျိုးသမီး တစ်ဦးသည် အရောင်းဝန်ထမ်း အမျိုးသမီး တစ်ဦးကို အထင်လွဲမှားကာ ပိုက်ဆံများဖြင့် မျက်နှာကို ပစ်ပေါက်ခဲ့သည်။ ယင်းဖြစ်စဉ်သည် တရုတ်နိုင်ငံ၊ ဟန်ဒန်ဒေသတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ဈေးဝယ်သူ အမျိုးသမီးသည် သူ့ကို အရောင်းဝန်ထမ်းက မ၀ယ်နိုင်သည့် အထင်သေး မျက်လုံးများဖြင့် ကြည့်ခဲ့သည်ဟု ယူဆပြီး လက်ကိုင်အိတ် အတွင်းမှ ပိုက်ဆံများကို ထုတ်ကာ ပစ်ပေါက် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကို ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ရက်တွင် တင်ရှိခဲ့ရာ ဝေဖန်မှတ်ချက် မျိုးစုံ ကြားခဲ့ရသည်။ အချို့က ပရိုမိုးရှင်း ပြုလုပ်သည့် အနေဖြင့် စတန့်ထွင်ခဲ့ခြင်းသာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ သည်။
            ဗီဒီယိုဖိုင်ထဲတွင် ဈေးဝယ်သူ အမျိုးသမီးက အရောင်းဝန်ထမ်းကို ကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့ပြီး မ၀ယ်နိုင်ဟု ထင်မြင်ခြင်း အတွက် စိတ်ဆိုးကာ ပိုက်ဆံများဖြင့် မျက်နှာကို ပေါက်ခဲ့သည်။ယင်းနောက် ဈေးဝယ်သူ အမျိုးသမီးက မိမိသည် တစ်ဆိုင်လုံး ကို ၀ယ်ယူနိုင်ကြောင်း၊ မိမိ၏ ဖခင်ဘယ်သူ ဆိုသည်ကို သိရှိထားသင့်ကြောင်း စသည်ဖြင့် ပြောဆိုခဲ့သည်။ ယင်းနောက် အခြား ဈေးဝယ်သူ တစ်ဦးက အဆိုပါ ဖြစ်စဉ်ကို ပာန့်တားမှု ပြုလုပ်ခဲ့သည်။ ထိုအခါ ဈေးဝယ်သူ အမျိုးသမီးက မိမိသည် လည်ဆွဲ ၀ယ်ယူရန် မေးမြန်းသည်ကို ကောင်းစွာ မဖြေခဲ့ဘဲ အထင်သေး မျက်လုံးများဖြင့် ကြည့်ခဲ့ခြင်းကြောင့် တုံ့ပြန် ခံခဲ့ရခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် ရှင်းလင်းမှု မရှိခဲ့ဘဲ မည်သို့ ဆက်ဖြစ်သည်ကို မသိရကြောင်း ဒေးလီးမေးလ် သတင်းတွင် ဖော်ပြထားသည်။

အေသင်အောင်
The Messenger


Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment