၄၉ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယမယ်ပြိုင်ပွဲ မြန်မာနိုင်ငံကိုယ်စားပြု သျှမ်းမလေးပထမဆုရ


 အောက်တိုဘာလ ၄ ရက် ၂၀၁၅

 ဥဇဘက်ကစ်စတန်နိုင်ငံတွင်ကျင်းပပြုလုပ်နေဆဲဖြစ်သော ၄၉ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယ ဗလ နှင့် ကာယကြံ့ခိုင်မှု မယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၅ ဦးအနက် ယမန်နေ့အထိ ယှဉ်ပြိုင်ပွဲတွင် နန်းလောဝ်ခမ်း က ပထမရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှသွားရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် ၅ ဦးအနက် ၆၀ ကီလိုဂရမ်ပြိုင်ပွဲတွင် ထွန်းမင်းက ဒုတိယရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲမှာ ၂၀၁၅ စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၅ ရက်နေ့ အထိကျင်းပနေခြင်းဖြစ်ပါသည်။

သွားရောက် ယှဉ်ပြိုင်သည့် မြန်မာနိုင်ငံ ကာယ ဗလအဖွဲ့ချုပ်မှ အားကစား သမား ၅ ဦးမှာ ၁ - ထွန်းမင်း (၆၀ ကီလို) ၂ - စိုင်းချစ်ငွေ (၆၅ ကီလို) ၃ - ညီဖြူ (၇၀ ကီလို) ၄ - နန်းလောဝ်ခမ်း (၁၆၅ စင်တီမီတာအောက်) ၅ - ချယ်ရီမောင် (၁၆၅ စင်တီမီတာအောက်) တို့ ဖြစ်ပါသည် ။

ဓါတ်ပုံ- Nang Lao Kham
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment