အမှုအမြန်ပြီးပြတ်စေရေး ဖမ်းဆီးခံ ကျောင်းသားနှစ်ဦး တောင်းဆို


 နိုင်ငံတော် အကြည်ညိုပျက်စေပြီး ပြည်သူလူထု ဆူပူအုံကြွမှု ဖြစ်စေရန် လှုံ့ဆော်မှု
ဖြင့် တရားစွဲဆို ခံထားရသည့် ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲ
သူ တို့က အမှုမြန်မြန်ပြီးစေရန် ပန်းဘဲတန်းမြို့နယ် တရားသူကြီးထံ တင်ပြတောင်း
ဆိုလိုက်ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် အောက်တိုဘာလ ၂၀ ရက်နံနက် ၁၀ နာရီက ရုံး
ထုတ်ပြီး တရားလို သက်သေများကို စစ်ဆေးစဉ် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့က
တရားသူကြီးထံ တင်ပြလိုက်ခြင်း ဖြစ်သည်။

“ကျောင်းသားနှစ်ဦးကတော့ အမှုကိုမြန်မြန်ပြီးစေချင်တယ်ဆိုပြီး တရားခွင်မှာ တရား
သူကြီးကို တင်ပြတာပေါ့။ တရားသူကြီးကလည်း သူလည်း မြန်မြန်ပြီးစေချင်ပါတယ်
လို့ ပြန်ပြောခဲ့ပါတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၏ အမှုလိုက်
ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့က ခေါင်းဆောင်ကာ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်
က ရန်ကုန်မြို့၊ သိမ်ကြီးဈေး(D)ရုံရှေ့မှ မဟာဗန္ဓုလ ပန်းခြံရှေ့အထိ လမ်းလျှောက်
ပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လွှတ်တော်တွင်း ရောက်ရှိနေသည့် တပ်မတော်
သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နုတ်ထွက် ပေးရေးတို့ကို ခွင့်ပြုချက်
မယူဘဲ ဆန္ဒထုတ်ဖော် ခဲ့သည့်အတွက် ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်း မြို့
နယ် အုပ်ချုပ်ရေးမှူးတို့က ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရုံးများသို့ ဦးတိုက်လျှောက်ထား
ခဲ့သည့်အတွက် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရပြီး အမှုရင်
ဆိုင်နေရခြင်း ဖြစ်သည် ။

“ ဒီနေ့ကတော့ တရားလို ပန်းဘဲတန်းရဲစခန်းက ဒုရဲအုပ်ကို ဆက်စစ်တာပါ။ ကျောင်း
သားတွေကလည်း အမှုကို မြန်မြန်ပြီးစေချင်တယ်။ တရားသူကြီးကလည်း အမှုပြီး
ပြတ်အောင် မြန်မြန်ဆောင်ရွက် ပေးနေတယ်။ နောက်တစ်ပတ် ရုံးချိန်းကျရင်တော့
တရားလိုနှစ်ယောက် စစ်မယ်ပြောတယ်။ တရားရုံးကို လာနိုင်မယ့် သက်သေနှစ်ဦးကို
ဆက်စစ်မှာပါ” ဟု ကိုပိုင်ရဲသူ၏ အမှုအား လိုက်ပါဆောင်ရွက်နေ သည့် တရားလွှတ်
တော်ရှေ့နေ ကိုနိုင်လင်းဇော်က ပြောသည် ။

အဆိုပါ အမှုအား ပန်းဘဲတန်းမြို့နယ် တရားရုံးသို့ ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေး
မှူး၊ ဒုဦးစီးမှူး ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ စခန်းမှူး၊ ဒုရဲအုပ် အပါအ၀င် သက်သေ
ကိုးဦးတင်ထားပြီး ရုံးချိန်းအား နိုဝင်ဘာလ ၃ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment