သ​မ္မ​တ​လောင်း​ကို ​တစ်​ဦး​တည်း ​သ​ဘော​နဲ့​မ​ရွေး​ချယ်​ဖို့ ​ဦး​ရွှေ​မန်း​ပြော
သူ​ရ ​ဦး​ရွှေ​မန်း
ပြီး​ခဲ့​တဲ့ ​သ​တင်း​ပါတ်​တွေ ​အ​တွင်း ​ဘီ​ဘီ​စီ ​သ​တင်း​ဌာ​န ​နဲ့​ပြည်​ခိုင်​ဖြိုး​ပါ​တီ ​အ​ထွေ​ထွေ ​အ​တွင်း​ရေး​မှူး ​ဦး​တင်​နိုင်​သိန်း​တို့​ရဲ့ ​တွေ့​ဆုံ ​မေး​မြန်း​ခန်း ​တစ်​ခု​မှာ ​လာ​မဲ့ ​ရွေး​ကောက်​ပွဲ ​အ​နိုင်​ရ​ခဲ့​ပါ​က ​လက်​ရှိ ​သ​မ္မ​တ ​ဦး​သိန်း​စိန်​ကို ​သ​မ္မ​တ​လောင်း ​အ​ဖြစ် ​ရွေး​ချယ်​ထား​ကြောင်း ​ပြော​ကြား ​ပြီး​နောက်​ပိုင်း ​အ​ခု ​သ​တင်း ​ထွက်​ပေါ်​လာ​တာ ​ဖြစ်​ပါ​တယ်။
ပြည်​ခိုင်​ဖြိုး ​ပါ​တီ ​ဗ​ဟို ​ကော်​မ​တီ​ဝင် ​တစ်​ဦး ​ဖြစ်​သူ ​ဦး​ဝင်း​ဦး​ကို ​ဘီ​ဘီ​စီ ​က ​သ​မ္မ​တ​လောင်း ​ရွေး​ချယ်​မှု​နဲ့ ​ပါတ်​သက်​လို့ ​ဆက်​သွယ် ​မေး​မြန်း​ရာ​မှာ ​ဦး​ဝင်း​ဦး​က ​ပြည်​ခိုင်​ဖြိုး ​ပါ​တီ ​အ​နေ​နဲ့ ​သ​မ္မ​တ​လောင်း ​ရွေး​ချယ်​ပုံ​ဖို့ ​အ​တွက် ​စ​နစ်​တ​ကျ ​စည်း​မျဉ်း ​စည်း​ကမ်း ​တွေ ​မ​ရှိ​သေး​ကြောင်း၊ ​တ​ကယ် ​ရွေး​ချယ်​မယ် ​ဆို​ရင် ​ဒီ​မို​က​ရေ​စီ ​နည်း​လမ်း​အ​ရ ​အ​များ ​သ​ဘော​တူ ​ရွေး​ချယ်​ဖို့ ​လို​အပ်​ကြောင်း ​ပြော​ပါ​တယ်။
ပူး​တွဲ ​ဥ​က္က​ဋ္ဌ ​အ​ဖြစ်​တာ​ဝန် ​ယူ​ထား​တဲ့ ​ဦး​ဌေး​ဦး​က​လည်း ​ပြည်​ခိုင်​ဖြိုး ​ပါ​တီ​ရဲ့ ​သ​မ္မ​တ​လောင်း​ကို ​ရွေး​ကောက်​ပွဲ ​ပြီး​မှ​သာ ​ရွေး​ချယ်​မဲ့ ​အ​ကြောင်း ​ကြေ​ညာ​ထား​တယ်​လို့ ​ဆို​ပါ​တယ်။
ပြည်​ခိုင်​ဖြိုး ​ပါ​တီ ​အ​တွင်း​မှာ​ပဲ ​သ​မ္မ​တ​လောင်း ​ရွေး​ချယ်​မှု​နဲ့ ​ပါတ်​သက်​လို့ ​အ​မျိုး​မျိုး ​ကွဲ​လွဲ​နေ​ကြ​ကြောင်း ​သုံး​သပ်​မှု​တွေ ​ရှိ​နေ​တယ်​လို့ ​ရန်​ကုန်​မြို့​က ​ဘီ​ဘီ​စီ ​သ​တင်း​ထောက်​က ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
Share on Google Plus
About Editor
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
0 comments:
Post a Comment