NLD မှ ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် ၀န်းထမ်းအိမ်ယာအနီး မဲဆွယ်စည်းရုံးစဉ် စစ်ဆေးမေးမြန်းခံရ



 နေပြည်တော် ခရေအိမ်ယာ သုခရတနာလမ်း စီမံစီးပွား ၀န်ထမ်းအိမ်ယာအနီး အောက်တိုဘာ ၁၇ မနက် ၁၁ နာရီခန့်က NLD ပါတီမှဝင်ရောက်ယှဉ်ပြိုင်မည့် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နှင့်အဖွဲ့ မဲဆွယ်စည်းရုံးရေးဆင်းစဉ် အမြဲတမ်းအတွင်းဝင် ဦးထွန်းထွန်းနိုင်က ခွင့်ပြုချက်ရှိမရှိ မေးမြန်းစစ်ဆေး၍ ခေတ္တ ရပ်နားစေခဲ့ကြောင်း သတင်းရရှိသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က Door to Door တအိမ်တက်ဆင်း လက်ကမ်းစာစောင်ဝေတာတွေ ခွင့်မပြုဘူး၊ ၀န်ထမ်းတွေအချင်းချင်း သွေးကွဲမှာစိုးလို့။ လက်ရှိအနေအထားအရ ယာဉ်တန်းနဲ့ လှည့်လည်စည်းရုံးခွင့်ပြုတယ်။ ကျွန်တော်တို့ Door to Door ၀င်ရောက် စည်းရုံးတာမဟုတ်ဘူး။ ယာဉ်တန်းနဲ့လှည့်လည်ပြီး အောက်မှာတွေ့တဲ့ ၀န်ထမ်းတွေကို Pamphlet ဝေတယ်။ ဒါကို ဒီပုဂ္ဂိုလ်က ကျွန်တော်တို့ကို လာပြောပါတယ်။ လှည့်လည်စည်းရုံးခွင့် မရှိဘူး။ လှည့်ချင်ရင် ခွင့်ပြုစာယူခဲ့ဖို့ တောင်းပါတယ်။ ပြီးတော့ ဖုန်းတွေဆက်တယ်။ ကျွန်တော်တို့ကို ခဏရပ်ထားဖို့ ပြောပါတယ်”ဟု ဦးဖြိုးဇေယျာ၏လုံခြုံရေးတာဝန်ခံ ဦးခင်မောင်တင့်က News Watch သို့ ပြောသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဦးထွန်းထွန်းနိုင်မှ“ဘာတွေလိုအပ်မှုရှိလဲ လာစစ်တာပါ။ ဌာနရဲ့တာဝန်ရှိသူတဦးအနေနဲ့ ၀န်ထမ်းတွေ ဘာတွေလိုအပ်မှုရှိလည်း လိုက်စစ်နေတာ ဖြစ်ပါတယ်။ ဒီလို စစ်ဆေးနေချိန်မှာ စည်းရုံးရေးဆင်းနေတာ တွေ့ပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ၀န်ထမ်းအိမ်ယာတွေဖက်ကို မည်သည့်ပါတီမှ စည်းရုံးခွင့်မပြုဘူးဆိုတဲ့ ညွှန်ကြားချက် နေပြည်တော်ကောင်စီက အကြောင်းကြားထားပါတယ်။ ဒါကြောင့် ခွင့်ပြုချက်ရှိလားလို့ မေးတာဖြစ်ပါတယ်။ တားဆီးတာ မဟုတ်ပါဘူး”ဟု ပြောကြားသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုဇေယျာသော်ကမူ“အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နဲ့အဖွဲ့က လှည့်လည်စည်းရုံးဖို့အတွက် ခွင့်ပြုချက် ပါ မပါ မေးတာပါ။ အုပ်ချုပ်ရေးပိုင်းကမဟုတ်ဘဲ ၀န်ကြီးဌာနက မေးပိုင်ခွင့်ရှိမရှိတော့ မသိပါဘူး၊ တာဝန်အရ မေးတာလို့ပဲထင်ပါတယ်။ မဲပေးခွင့်ရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေ ပြည်သူတွေနဲ့ ကျွန်တော်ကိုယ်တိုင် နွေးနွေးထွေးထွေး ထိတွေ့မှု မရသေးတာကိုတော့ ရင်ထဲခံစားရပါတယ်”ဟု ပြောကြားခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment