ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်မြို့တောင်ပိုင်းက ဗလီမီးလောင်မှုမှာ သံသယရှိတဲ့ ဆယ်ကျော်သက်လူငယ် ၂ ဦးကို ဖမ်းဆီးလိုက်ပြီလို့ ဒီအန်အေ အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။
အသက် ၁၆ နှစ်နဲ့ ၁၄ နှစ်အရွယ် အသီးသီးရှိကြတဲ့ အဲဒီလူငယ် ၂ ဦးကို နောက်တနေ့မှာပဲ လန်ဒန်မြို့ မော်ဒန်ခရိုင်တွင်းက ဘေတိုဖျုခ်ျဗလီထဲမှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး လက်ရှိမှာတော့ လန်ဒန်မြို့တောင်ပိုင်း ရဲစခန်းမှာ ထိန်းသိမ်းထားတာပါ။
အနောက်ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ အဲဒီဗလီ မီးလောင်မှုမှာ မီးခိုးငွေ့တွေ ရှူရှိုက်မိတဲ့ အမျိုးသားတဦးကို ဆေးရုံပို့ထားခဲ့ရတာဖြစ်ပြီး ဗလီတွင်းရှိနေတဲ့ လူပေါင်း ၃၀ လောက်ကို ဘေးကင်းတဲ့ နေရာတွေဆီ ရွှေ့ပေးခဲ့ကြရတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အကျယ်အ၀န်း ၅ ဒသမ ၂ ဧကပေါ်မှာ တည်ရှိတဲ့ ဗလီကြီးဟာ အယ်မဒီးယာ မွတ်စလင် လူ့အဖွဲ့အစည်းအတွက် ဝန်ဆောင်မှုပေးနေပြီး ဝတ်ပြုဆုတောင်းသူ အယောက် ၁၀၅၀၀ အတွက် နေရာရှိတယ်လို့ ဗလီရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဲဒီမီးလောင်မှုကို မီးသတ်သမား ၇၀ လောက်က ငြှိမ်းသတ်ခဲ့ရတာဖြစ်ပြီး မီးလောင်မှုကြောင့် ဗလီအုပ်ချုပ်ရေးရုံးခန်း ဆိုးဆိုးရွားရွား ပျက်စီးသွားကာ ကျန်တဲ့ အစိတ်အပိုင်းတွေကိုတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
DVB Burmese
0 comments:
Post a Comment