ချစ်သူသက်တမ်း ၅ လရှိပြီလို့ ဖွင့်ဟလာတဲ့ စံရတီမိုးမြင့်က သူမဟာ အချစ်ရေးနဲ့ပတ်သက်ရင် ပရိသတ်ကို ဖုံးကွယ်ထားတတ်တဲ့သူမျိုး မဟုတ်ကြောင်းဆို


ချစ်သူသက်တမ်း ၅ လ ရှိပြီလို့ပွင့်လင်းစွာ ဖွင့်ဟလိုက်တဲ့ စံရတီမိုးမြင့်က အချစ်ရေးနဲ့ပတ်သက်ပြီး ဘယ်တော့မှ လျှို့ဝှက်မထားတတ်သလို ပွင့်ပွင့်လင်းလင်းပြောပြတတ်သူမို့ သူမရဲ့ အချစ်ရေးနဲ့လက်ရှိရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကိုပါ မေးမြန်းဖြစ်တဲ့အခါ
-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
 အခုရိုက်နေတဲ့ကားလေးက မိုးထုတ်လုပ်ရေးကရိုက်တာ၊ ကိုမင်းမော်ကွန်း၊ကိုနိုင်းနိုင်း၊ ကိုထွန်းထွန်း၊ကိုကျော်ကျော်ဗို၊ ညီမရယ်၊ မသင်ဇာဝင့်ကျော်၊ နောက်ကိုညို့တပည့် နိုတြာရယ်၊ ကားနာမည်က လူအများကိုခြောက်လှန့်သော တစ္ဆေတစ်ကောင် အလိုရှိသည်တဲ့။ သရဲကားလေးပေါ့။
-သရဲကားရိုက်နေတယ်ဆိုတော့ အပြင်မှာရော သရဲတွေဘာတွေကို အယုံအကြည်ရှိလား။
အရမ်းကြီးတော့ မဟုတ်ဘူး။ သဲသဲ သရဲတော့ကြောက်တယ်။ တွေ့ဖူးလားဆိုတော့ မတွေ့ဖူးဘူး။ ကြောက်တာတော့ကြောက်တယ်။ မြင်ဖူးလားဆိုတော့မမြင်ဖူးဘူး။ အသံလဲ မကြားဖူးဘူး။ တွေ့ရင်တော့လဲကြောက်တယ်။ မတွေ့ရင်တော့လဲ မကြောက်ဘူးပေါ့။
-သဲသဲကရော ဒီထဲမှာ ဘယ်လိုကာရိုက်တာမျိုးနဲ့ပါဝင်ရလဲ။
သဲသဲက ဒီထဲမှာ ကိုမင်းမော်ကွန်းနဲ့ချစ်သူတွေပေါ့။ ချစ်သူနဲ့မတည့်တဲ့ကောင်မလေးပေါ့။ ချစ်သူရဲ့ပုံစံကို မကျေမနပ်ဖြစ်နေတဲ့ ကောင်မလေးရဲ့ ကာရိုက်တာလေးပါ။
-သရုပ်ဆောင်တွေကလဲ အရမ်းများတယ်။ ဒီကားလေးရိုက်ရင်အမှတ်တရတွေကရော ဘာတွေရှိလဲ။
အမှတ်တရကတော့ တစ်ယောက်နဲ့တစ်ယောက်အချိန်တော်တော်စောင့်ရတယ်။ ကားကြီးလဲဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလဲ များတယ်။ ရိုက်တဲ့ ဆင်းန်တိုင်းဆင်းန်တိုင်းကလဲ အရေးကြီးတယ်။ ကိုညိုကလဲသေချာရိုက်တယ်။ နောက် ကင်မရာမန်းကလဲ အိန္ဒိယက ကင်မရာမန်းဆိုတော့ သူကလဲ သူစိတ်ကြိုက်ရအောင်ရိုက်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးရတာက လွဲလို့ညှိရတာအဆင်ပြေပြီး ရိုက်လို့ကောင်းတယ်။ လူငယ်တွေလဲဖြစ်တယ်။ ကိုညိုကလဲ ပါတဲ့ ရက်ကလေးတွေပဲရွေးခေါ်တယ်ဆိုတော့ ၂ ရက်လောက်လာရိုက်လိုက်၊ ၃ရက်လောက်ပြန်နားလိုက်ဆိုတော့ အဆင်ပြေတယ်။ ပျော်ဖို့ကောင်းပါတယ်။ ကိုညိုကလဲ ကန်တော့ပွဲမှာပြောသွားတယ်။ ဒီကားက သူ့ဘ၀ရိုက်ခဲ့တဲ့သရဲ့ကားတွေထဲမှာ ခြောက်လှန့်မှု အများဆုံးပါတဲ့ ကားဆိုတော့ ပရိသတ်ကြိုက်ကြမှာပါ။
-ဒီကားကရော ၂၀၁၅ ထဲမှာကားကြီးအနေနဲ့ရိုက်တာ ဘယ်နှစ်ကားမြောက်ဖြစ်မလဲ။
ဒါကလေးကားမြောက်ပါ။ ရှေ့ကသုံးကားက ဦးကျော်သူတို့နဲ့ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား၊ ပြီးတော့ ကြိုးဖြတ်ချည်ထားသော ဗာရဏသီ၊ နောက် ကိုတင့် ၂ ကိုပြန်ရိုက်တဲ့ ကား၊ နောက်အခုဒီကားပေါ့။
-သဲသဲအနေနဲ့ ဒီနှစ်ထဲမှာ ဗီဒီယိုရိုက်တာသိပ်မတွေ့ရဘူး။
နောက်ပိုင်းဗီဒီယိုထက် ရုပ်ရှင်ပိုင်းကိုပိုရိုက်လာတာတွေ့ရတယ်။ အဲဒါကြောင့်ဒီနှစ်ထဲမှာ ဗီဒီယိုနည်းတယ်။ ဗီဒီယိုတစ်ကားရိုက်မဲ့အစား ရုပ်ရှင်ရိုက်တာကပိုပြီး ပရိသတ်အတွက်လဲ ကြည့်ရကျိုးနပ်မယ် ထင်လို့ပါ။
-ဒါပြီးရင်ရော ဘာတွေလက်ခံထားတာရှိဦးမလဲ။
ဒါပြီးရင်ကားကြီး ထပ်ပြောထားတာရှိတယ်။ နှစ်ကုန်ပိုင်းလောက်ဖြစ်မယ်ထင်တယ်။ အချိန်အတိအကျ မသိရသေးဘူး။ ကြော်ငြာရိုက်တွေရှိမယ်။ တချို့လုပ်ငန်းတွေနဲ့ စာချုပ်ချုပ်ဖို့ပြောထားတာရှိမယ်။
-ဆံပင်ပုံစံလဲပြောင်းလိုက်တာတွေ့ရတယ်။ အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့လဲ သိချင်ပါတယ်။
သဲသဲဆံပင်ညှပ်မယ်ဆိုတော့ ခါတိုင်းလဲတိုတော့ တိုသွားတာပဲ။ ဒါပေမဲ့သိပ်မသိသာဘူးဆိုတော့ ဒီတစ်ခေါက်နည်းနည်း တိုတိုညှပ်လိုက်တာပါ။ ဒါပေမဲ့ ပြန်ရှည်တာတော့မြန်တယ်။ အခုပြန်တောင်ရှည်နေပြီ။ ဆံပင်ကတော့ အဖြောင့်ပါပဲ။ ကားရိုက်ထဲမှာတော့ ခဏလိပ်ထားဖြစ်တယ်။
-ဆံပင်ပုံစံပြောင်းလိုက်တဲ့အခါကျတော့ ဖက်ရှင်ပိုင်းမှာပါ အရင်နဲ့မတူဘူး။ ကြည့်ရတာနည်းနည်းဆန်းသွားသလိုပဲ။
ဆံပင်ပုံစံပြောင်းလိုက်တဲ့အတွက် လူငယ်ဆန်တဲ့ပုံ ပိုဝတ်ဖြစ်တယ်။ စမတ်ဖြစ်တဲ့ ပုံဖက်ပေါ့။ ကြည့်လိုက်ရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေတာမျိုး အဲ့ဒီလိုပုံစံမျိုးလေးကိုသဘောကျနေတယ်။
-သတင်းကျွတ်ရောဘယ်မှာရှိမလဲ။
ရှုတင်မှာပဲရှိမှာပါ။
-ခရီးသွားဖို့စီစဉ်ထားတာမျိုးရော ရှိနေမလား။
နောက်လထဲမှာ ဘန်ကောက်သွားဖို့တော့စီစဉ်ထားတယ်။ မိသားစုနဲ့ရှော့ပင်းပါပဲ။ မသေချာသေးပါဘူး။ အလုပ်လဲအားမယ်။ အမေတို့လဲ အားမယ်ဆိုရင်သွားဖြစ်မှာပါ။
-အချစ်ရေးနဲ့ပတ်သက်ပြီး ဖေ့စ်ဘွခ် လူမှုကွန်ယက်တွေပေါ်မှာလဲ Public တွဲတာမျိုးတွေ့ရတယ်နော်။
ညီမအချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ ပြီးတော့ ညီမ ဟိုးအရင်ကတည်းက အချစ်ရေးနဲ့ပတ်သက်ရင် ဖုံးကွယ်ထားတတ်တဲ့သူမျိုးလဲ မဟုတ်ဘူး။ ကိုယ့်မှာ ချစ်သူရှိရင်ရှိတယ်။ မရှိရင်မရှိဘူးပဲ။ အခုညီမအချစ်ရေးကအေးအေးဆေးဆေးပါပဲ။ အခုအသက်က ၂၀ရှိပြီဆိုတော့ အလုပ်သက်သက်၊ အချစ်ရေးသက်သက် ခွဲထားပါတယ်။
-ချစ်သူသက်တမ်းရောဘယ်လောက်ရှိသွားပြီလဲ။
ချစ်သူသက်တမ်း ၅လရှိပါပြီ။ ဒါပေမဲ့ အဓိကက သူလဲ သူ့ကျောင်းနဲ့သူ ဆိုတော့ ကိုယ်ကတော့ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ဖြစ်ပါတယ်။ ဒီမှာလဲ သူကသိပ်မရှိပါဘူး။
Trend Myanmar
trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment