တောင်ကိုရီးယားနိုင်ငံမှာ အိမ်မွေးတိရိစ္ဆာန်များ အလှပြင် ခွဲစိတ်ကုသမှု ခေတ်စားနေ





ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံမှာ အိမ်မွေးခွေးများ အလှပြင်ခွဲစိတ်မှု ခေတ်စားလာကာ တိရိစ္ဆာန် ချစ်သူများထံမှာ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်စေခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အိမ်မွေးတိရိစ္ဆာန်ကို ပြုပြင်ပေးတာ ကျယ်ကျယ်ပြန့်ပြန့် လူသိများခေတ်စားနေပါတယ်။ ဒါပေမယ့် အခုတော့ အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်တွေဟာ နားရွက်မွမ်းမံပြင်ဆင်ပေးခြင်းနဲ့ ချစ်စရာ ပိုမိုကောင်းမွန်လာအောင် ဗိုက်ကြောပြတ်ရာ ဖယ်ရှားပေးခြင်း စတဲ့ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ဆောင်နေတဲ့ အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်တွေ ပိုပိုများလာပါတယ်။
ခွဲစိတ်ကုသမှု ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၀ ကနေ ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံရှိ တိရိစ္ဆာန်ချစ်သူများက ဒါကို တိရိစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုကြပါတယ်။
“ခွဲစိတ်ကုသမှုကို ပိုင်ရှင်ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်တာပါ။ မိဘများမှ ကလေးကို ပလတ်စတစ် ခွဲစိတ်ကုသမှု ခံယူဖို့ အတင်းအဓမ္မ တိုက်တွန်းသလိုမျိုးပေါ့” လို့ ကန့်ကွက်သူတစ်ဦးက လူမှုမီဒီယာပေါ် ဖော်ပြခဲ့ပါတယ်။အရင်က အိမ်မွေးတိရိစ္ဆာန်တွေ ပလတ်စတစ်ခွဲစိတ်ကုသမှုဆိုတာ ဆေးပညာအရ အဓိပ္ပါယ်မရှိဘူး။ ဒါပေမယ့် ဒါက တိရိစ္ဆာန်တွေကို ပိုမို ဆွဲဆောင်မှုဖြစ်စေနိုင်ကြောင်း မကြာသေးမီက တွေ့ရှိခဲ့တယ်လို့ တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးက ရှင်းပြသွားပါတယ်။
Ref:cctvnews
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment