ရဲကို ပစ်သတ်မှုနဲ့ ဆက်စပ်ပြီး လူ ၅ ဦးကို ဖမ်းထား


ရဲတွေ ဝင်စီးတဲ့ အိမ်တစ်အိမ် (Credit: ABC) 
  ဆစ်ဒနီမြို့မှာ ​အရင်တစ်ပါတ်တုန်းက ​ဖြစ်ပွားခဲ့တဲ့ ​သေနတ်ပစ်ခတ်မှုနဲ့ ​ဆက်စပ်ပြီး ​လူ ​ငါးယောက်ကို ​ရဲတွေက ​ဖမ်းဆီးထားပါတယ်။

ပြီးခဲ့တဲ့ ​သောကြာနေ့တုန်းကပဲ ​ဆယ်ကျော်သက်အရွယ် ​လူငယ် ​တစ်ဦးက ​ရဲတစ်ယောက်ကို ​ပစ်သတ်ခဲ့ပြီး ​အဲဒီအမှုနဲ့ ​ဆက်စပ်ပြီး ​အသက် ​၁၆ ​နှစ်ကနေ ​၂၄ ​နှစ်အကြားရှိတဲ့ ​လူ ​ငါးယောက်ကို ​ရဲတွေက ​ဒီမနက်မှာပဲ ​ဖမ်းဆီးလိုက်တာပါ။

ရဲကို ​ပစ်သတ်ခဲ့တဲ့ ​လူငယ်ဟာ ​အစွန်းရောက် ​မွတ်စလင်လူငယ်ဖြစ်ပြီး ​အဲဒီ ​သေနတ်ကို ​ဘယ်ကနေ ​ရရှိထားသလဲ၊ ​ဘယ်သူတွေက ​ပံ့ပိုးမှု ​လုပ်သလဲ ​ဆိုတာကို ​ရဲတွေက ​စုံစမ်းနေတာ ​ဖြစ်ပါတယ်။

အခုဖမ်းဆီးထားတဲ့ ​လူ ​၅ ​ယောက်ထဲက ​၄ယောက်ဟာ ​သေနတ်သမားကို ​အစွန်းရောက်ဝါဒီတွေ ​ရိုက်သွင်းသူတွေ ​ဖြစ်တယ်လို့ ​ရဲတွေက ​ယူဆနေပါတယ်။

သြစတြေးလျနိုင်ငံက ​ဆယ်ကျော်သက်တချို့ ​အစွန်းရောက် ​ဝါဒီတွေ ​လွှမ်းမိုးခံရတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အစိုးရက ​တိုက်ဖျက်နိုင်အောင် ​ပညာပေး ​အစီအစဉ်တွေ ​ပြုလုပ်နေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment