အမဲသားတရားမ၀င် တင်ပို့မှု အိန္ဒိယမှာ စစ်ဆေးမယ်


 တရားမ၀င်အမဲသား ပြည်ပတင်ပို့မှုတွေ စစ်ဆေးဖို့ ဆိပ်ကမ်းတွေမှာ ဓာတ်ခွဲခန်းတွေ ထားရှိဖို့ အိန္ဒိယအစိုးရက စီစဉ်နေပါတယ်။

 ပြီးခဲ့တဲ့လက မွတ်စလင်တစ်ဦး သူ့အိမ်မှာ အမဲသားသိုလှောင် စားသုံးတယ်ဆိုပြီး ထွက်ပေါ်ခဲ့တဲ့ ကောလဟာလသတင်းအပေါ် ဟိန္ဒူတွေက အုပ်စုနဲ့ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးခဲ့ပြီးနောက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေချိန်မှာ အခုလို စီစဉ်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ရဲ့ လူများစု ဟိန္ဒူအသိုင်းအ၀န်းမှာ အလေးအမြတ်ထားတဲ့ နွားတွေကို မသတ်ဖို့ ပြည်နယ်အများစုမှာ တားမြစ်တားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွဲတွေကို သတ်ဖြတ်စားသုံးတာကိုတော့ ခွင့်ပြုထားပါတယ်။

ဆိပ်ကမ်းတွေမှာ ထားမယ့် ဓာတ်ခွဲခန်းတွေမှာ ပြည်ပပို့မယ့် အသားတွေနဲ့ တရားမ၀င် အမဲသားတွေကို အထူးကြတ်မတ် စစ်ဆေးသွားမှာဖြစ်တယ်လို့ စိုက်ပျိုးမွေးမြူရေး ဒုဝန်ကြီး Sanjeev Kumar Balyan က သတင်းထောက်တွေကို ပြောပါတယ်။

အထူးသဖြင့် အသားတွေ ပြည်ပတင်ပို့ရာ အဓိက ထွက်ပေါက်ဖြစ်တဲ့ အိန္ဒိယ အနောက်ပိုင်းရှိ Mumbai မြို့မှာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အိန္ဒိယ မြောက်ပိုင်း Uttar Pradesh နဲ့ အနောက်ပိုင်း Maharashtra ပြည်နယ်တွေမှာ အမဲသတ်ရုံပေါင်း ၁ ၇၀၀ နီးပါးရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment