တောင်အာဖရိက မှာ ယာယီတံတားကျိုးကျ ၊ ၂ ယောက်သေ ၊ ၂၁ ယောက် ဒဏ်ရာရ

Two killed and 21 injured after bridge collapses onto motorway

တောင် အာဖရိက နိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးစီမံကိန်း တစ်ခုရဲ့ ယာယီ တံတား တစ်စင်းဟာ တောင်အာဖရိက ရဲ့ လူသွားလူလာ အများဆုံး လမ်းမပေါ် ပျက်စီး ပြုတ်ကျသွားခဲ့ပြီး လူ ၂ ယောက်ကို သေဆုံးစေခဲ့ကာ ၂၁ ယောက်ကို ဒဏ်ရာ ရစေခဲ့တယ်လို့ တောင်အာဖရိက မီဒီယာတွေက ဖော်ပြထားပါတယ်။

epa04977447 Paramedics try to save a patient in a taxi that was crushed by a pedestrian bridge that collapsed over the countries busiest motorway in Johannesburg, South Africa, 14 October 2015. The bridge collapsed on the highway blocking both sides and trapping at least two cars. The driver of the taxi died in the vehicle. EPA/KIM LUDBROOK

တောင်အာဖရိက နိုင်ငံ Johannesburg မြို့ရဲ့ Sandton မြို့နယ်မှာ ရှိတဲ့ M1 အဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ ထို မတော်တဆမှုကြောင့် သေဆုံးခဲ့သူ ၂ ဦးထဲမှာ ၁ ဦးဟာ တက္ကစီ မောင်းနှင်သူ တစ်ဦးဖြစ်နေတယ်လို့လည်း eNCA ဆိုတဲ့ သတင်းဌာန တစ်ခုက ဖော်ပြထားပါသေးတယ်။
A man (C) reacts as he is assisted after escaping with his family when the car they were traveling in was trapped when a bridge collapsed on the M1 highway near a busy offramp leading to Sandton, South Africa October 14, 2015. Two people were killed and around 20 injured when scaffolding for a bridge under construction collapsed over Johannesburg's main motorway on Wednesday, local emergency services said. The tangled wreckage of the metal, red-colored structure was sprawled across Johannesburg's M1 highway near a busy offramp leading to the Sandton financial district where the stock exchange is located, snarling rush-hour traffic. REUTERS/Siphiwe Sibeko

အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေကတော့ ထိုပြုတ်ကျပျက်စီးမှုရဲ့ အောက်မှု လူ အချို့ ပိတ်မိနေသေးတယ်လို့ ယုံကြည်နေကြပြီး အခုထိ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေရဆဲပဲဖြစ်ပါတယ်။ ထို သတင်းဌာနက ဖော်ပြထားတာကတော့  ထို ယာယီတံတားဟာ လူကူးမျဉ်းကြား အဖြစ်ရော ၊ စက်ဘီးစီးနင်းတဲ့ လမ်းကြောင်းအဖြစ်ပါ အဝေးပြေးလမ်းမ အပေါ်ကနေ ဖြတ်သန်းအသုံးပြုနေတာဖြစ်တယ်လို့ ဆောက်လုပ်ရေးကုမ္မဏီက ဆိုထားတာကိုပါ။
Paramedics try to free passengers trapped in a taxi after a bridge collapsed on the M1 highway near a busy offramp leading to the Sandton, South Africa October 14, 2015. One person was killed and 17 were injured when a bridge collapsed over Johannesburg's main motorway on Wednesday, local emergency services said. The tangled wreckage of the metal, red-colored bridge was sprawled across Johannesburg's M1 highway near a busy offramp leading to the Sandton financial district where the stock exchange is located, snarling rush-hour traffic. REUTERS/Siphiwe Sibeko
ထို ဆောက်လုပ်ရေး စီမံကိန်းဟာလည်း Sandton မြို့နယ်နဲ့ Alexandra မြို့နယ်ရဲ့ ဆင်းရဲတဲ့ လူနေရပ်ကွက်တို့ကို ချိတ်ဆက်ဖို့အတွက် ဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ထို အဖြစ်အပျက်ကို ဖော်ပြထားတဲ့ ဓါတ်ပုံတွေထဲမှာတော့ အနည်းဆုံး မော်တော်ယာဉ် ၂ စီးခန့်ဟာ ပျက်စီးသွားတဲ့ ယာယီတံတားပိမိပြီး လုံးဝပျက်စီးသွားတာကိုတွေ့ရသလို ထို အဖြစ်အပျက်ဟာ နေ့လည် အချိန်မှာ ဖြစ်ပွားခဲ့တာကြောင့် လမ်းပိတ်ခဲ့ရပြီး ယာဉ်ကြောပိတ်ဆို့မှု တွေလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။

"ဒဏ်ရာ ရတဲ့သူ အနည်းဆုံး ၅ ယောက်လောက်ဟာ စိုးရိမ်ရပြီး ဒီတံတား အောက်မှာ ပိတ်မိနေတဲ့ သူအရေအတွက်ကို ရမှ ဘယ်နှစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရသလဲဆိုတာကိုပြောနိုင်မှာပါ"လို့ Netcare 911 ဆိုတဲ့ ပုဂ္ဂလိက ပိုင် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်း ရဲ့ ပြောရေးဆိုခွင့်ရှိသူ Chris Botha က Reuters သတင်းအေဂျင်စီ ကို ပြောပြခဲ့ပါတယ်။
( Mario )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com
Ref : Metro
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment