ဝမ်းနည်းဖွယ် အချစ်ဇာတ်လမ်းရဲ့ နောက်ကွယ်က ရုပ်တုအကြောင်း


ဂျော်ဂျီယာနိုင်ငံ ဘတ်တိုမီ (Batumi) မြို့မြစ်ကမ်းနားဘေးမှာ “Man and Woman” အမည်ပေးထားတဲ့ ရွှေ့လျားနိုင်တဲ့ ရုပ်တုတစ်ခု ရှိပါတယ်။ ယင်းရုပ်တုဟာ နေ့စဉ်နေ့တိုင်း ဒေသအချိန် ညနေ ၇ နာရီမှာ လူသားနှစ်ဦး တစ်ဦးကိုတစ်ဦး ပွေ့ဖက်ပြီး ခရီးဦးကြိုပြုနေကြပုံကို ဖော်ညွန်းပြသထားပါတယ်။
ယင်းရုပ်ထုရဲ့ နောက်ကွယ်မှာ မတူညီတဲ့ ဘာသာရေးနောက်ခံတွေကြောင့် ချစ်သူနှစ်ဦး ကွဲကွာ သွားခဲ့ရတဲ့ ဝမ်းနည်းဖွယ် အချစ်ဇာတ်လမ်းတစ်ခုရှိခဲ့ပါတယ်။
ယင်း သံမဏိရုပ်တုဟာ ၈ မီတာအမြင့်ရှိပြီး ဂျော်ဂျီယာနိုင်ငံက ပန်းပုပညာရှင် Tamara Kvestiadze ၂၀၁၀ ခုနှစ်က ပုံဖော်ဖန်တီးခဲ့ပါတယ်။ ယင်းရုပ်တုထဲက ပုဂ္ဂိုလ်နှစ်ဦးမှာ စာရေးဆရာ Kurban မှ ၁၉၃၇ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ Ali and Nino ဝတ္ထုမှ ဇာတ်ကောင်တွေဖြစ်ပါတယ်။ ပထမ ကမ္ဘာစစ်အတွင်း ယော်ဂျီယာနိုင်ငံက ခရစ်ယာန်ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိသော မူဆလင်ကောင်လေး တစ်ယောက်ကို ဖော်ပြထားတာပါ။ သို့သော် နောက်ဆုံး သူတို့ တစ်ဦးကိုတစ်ဦး ပြန်မတွေ့ကြတော့ပါဘူး။
ယင်ရုပ်တုတွေဟာ Ali နဲ့ Nino တို့ ပထမဆုံး တွေ့ဆုံမှု၊ အနမ်းခြွေကာ ပွေ့ဖက်ကြပြီး နောက်ဆုံး ခွဲခွာသွားခဲ့တဲ့ ကာလအချိန်ကို ပြန်လည် ပုံဖော်ဖန်တီးထားခြင်း ဖြစ်ပါတယ်။ 
Ref: CCTVNews
Trend Myanmar
trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment