နယ်သာလန်နိုင်ငံက ဇီဝဗေဒဘာသာရပ် ဆရာမတစ်ဦးဟာ ခန္ဓာဗေဒ အသွင်သဏ္ဍာန် ဒီဇိုင်းလုပ်ထားတဲ့ အသားကပ်ဝတ်စုံ ဝတ်စားဆင်ယင်ပြီး သင်ကြားမှုအပိုင်းမှာ သူမ ခန္ဓာကိုယ်ကို သင်ကြားမှု အထောက်အကူပစ္စည်းတစ်ခုသဖွယ် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Groene Hart Rijnwoude ကျောင်းမှ (၉) တန်းကျောင်းသူ/သားတွေက သူတို့ ဆရာမ Debby Heerkens စာသင်ချိန်အတွင်း ရုတ်တရက် အဝတ်အစားချွတ်နေတာ တွေ့တော့ အံ့သြခြင်းဖြစ် ခဲ့ကြပါတယ်။
ဒါပေမယ့် လှပတဲ့ ဝတ်စုံ တဖြည်းဖြည်း ထွက်ပေါ်လာတဲ့အခါမှတော့ ကျောင်းသား/သူများ ဆရာမရဲ့ ရည်ရွယ်ချက် နားလည်ပြီး တခစ်ခစ်ရယ်မောခဲ့ကြပါတယ်။
Heerkens ဝတ်ဆင်ခဲ့တဲ့ ယင်းသားကပ်ဝတ်စုံဟာ တကယ်တော့ တစ်လွှာထက်မက ရှိပါတယ်။ ကြွက်သားတွေ ဖော်ပြပေးနေတဲ့ ဝတ်စုံအောက်မှာ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါရပ်များ ပြသထားတဲ့ အလွှာ၊ နောက်ပြီး အရိုးအဆစ် တည်ဆောက်ပုံကို ဖော်ထုတ်ပေးတဲ့ နောက်အလွှာတစ်ခုလည်း ရှိပါသေးတယ်။
အဲဒီနဲ့ ပတ်သက်ပြီး သူမဟာ သူမရှေ့ ခုလို ဘောင်းဘီကြပ်မျိုး ဝတ်ဆင်လျက် ဖြတ်လျှောက်သွားတဲ့ အမျိုးသမီးတစ်ဦးကို မြင်တွေ့ပြီးနောက် စိတ်ကူးရသွားတာပါတဲ့။ နောက်တော့ အဲဒီအိုင်ဒီယာကို သင်ကြားမှုမှာ အသုံးချဖို့ ကျောင်းဒါရိုက်တာဆီမှ ခွင့်ပြုချက်တောင်းခံခဲ့ကြောင်း သူမက ဆိုပါတယ်။
Ref: CCTVNews
Trend Myanmar
trend.com.mm
0 comments:
Post a Comment