မုတ်ဆိတ်မွှေး၊ပါးသိုင်းမွှေး ထူလပျစ်နဲ့ အမေရိကန် မရိန်းတပ်သား ဘ၀ကနေ ရွှေရောင်ဆံပင်ဖျော့ပိုင်ရှင် မိန်းမချောလေးအဖြစ် ပြောင်းလဲခဲ့သူ


ယူအက်စ်မရိန်းတပ်သားဟောင်းတစ်ဦးဟာ ပါးသိုင်းမွှေး၊မုတ်ဆိတ်မွှေးထူထူနဲ့ ယောင်္ကျားရင့်မာကြီးဘ၀ကနေ ရွှေရောင်ဆံပင်ဖျော့နဲ့ မိန်းမလှလေးအသွင် မယုံနိုင်စရာပြောင်းလဲခဲ့ပုံကို ပြန်လည်မျှဝေလိုက်ပါတယ်။ယခုအခါ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ Sona Avedian ဟာ မွေးတုန်းက ယောင်္ကျားလေးအဖြစ် မွေးဖွားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်က သူမလိင်မပြောင်းလဲခင်အထိ Matthew အမည်နဲ့ ကျားကျားလျားလျား ယောင်္ကျား ရင့်မာကြီးအဖြစ်နေခဲ့ပါတယ်။
ဒါပေမယ့် (ယခု) သူမဟာ အသက်လေးနှစ်ကတည်းက မိန်းမသားအဖြစ်ကို နှစ်ခြိုက်ခဲ့တာဖြစ်ပေမယ့် ရှေးရိုးစွဲ မိသားစုမှာ ကြီးပြင်းလာခဲ့ရတာမို့ ဒီလှို့ဝှက်ချက်ကို သေတဲ့အထိ သူမနဲ့ အတူ ယူသွားဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။နောက်ပိုင်းမှာ ယူအက်စ်မရိန်း တပ်ထဲဝင်ခဲ့ပြီး စစ်သားတစ်ယောက်နဲ့ ကိုက်ညီအောင် သူမဆန္ဒကို အစွမ်းကုန် ထိန်းခဲ့ပြီး ပေါင်ချိန် ၂၃၈ ပေါင်ရှိတဲ့အထိ ထွားကြိုင်းသန်မာခဲ့သူပါ။  အီရတ်နဲ့ အာဖဂန်နစ္စတန်တို့ မှာ လည်း တိုက်ပွဲစဉ် ပေါင်း ခြောက်ခုအထိ ပါဝင်တိုက်ပေးခဲ့တဲ့ မရိန်းတပ်သားတစ်ဦးဖြစ်ပါတယ်။
အရမ်းလှတဲ့ဇနီး တစ်ဦး ရခဲ့ကာ သမီးလေးတစ်ဦး ထွန်းကားခဲ့ပြီး ဂုဏ်သရေရှိတဲ့ အလုပ်အကိုင်တစ်ခုနဲ့  ပြီးပြည့်စုံတဲ့ဘ၀မှာ နေနေရပေမယ့်လည်း Sona ဟာ မိန်းမဘ၀ကိုပဲ တပ်မက်နေခဲ့တာဖြစ်ပါတယ်။၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှာတော့ Sona ဟာ နောက်ဆုံး သူမရဲ့မိန်းမဘ၀သာ လိုချင်မှုကို ဖွင့်ဟခဲ့ပြီး ဟော်မုန်းပြောင်းလဲတဲ့ ကုထုံးတွေ စတင်ခံယူခဲ့ပါတယ်။ နောက်ထပ် လိင်ပြောင်းလဲခွဲစိတ်မှုအဆင့်ဆင့်ခံယူခဲ့ပြီး သရေစာ၊ အဆာပြေစာတွေ စားတာကို ရပ်တန့် လိုက်တာ၊ စက်ဘီးစီး၊ ယောဂကျင့်ကာ ပေါင်ချိန် ၉၈ ပေါင်အထိ ကျဆင်းသွားခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ ဇနီးဖြစ်သူ Lucy နဲ့ ကွာရှင်းခဲ့ပေမယ့်  သမီးလေးနဲ့  အချစ်မပြတ်ခဲ့ဘူးလို့  ဆိုပါတယ်။ “ ကျွန်မသမီးနဲ့ ကျွန်မဆက်ဆံရေးကတော့ အကောင်းဆုံးမှာပါပဲ။ ကျွန်မနားမှာနေရတာကို သူအရမ်းကြိုက်တယ်လေ။ ကျွန်မကို မိန်းမအဖြစ်နဲ့ ပဲ သူမှတ်မိပြီး ကျွန်မတို့ သားအမိနှစ်ယောက်က တစ်ထေရာတည်းလိုပါပဲ” လို့ Sona က ပြောပြပါတယ်။
အခုအခါ ဆံပင်ရွှေရောင်ဖျော့ဖျော့နဲ့ အလှပဂေးဖြစ်နေပြီဖြစ်တဲ့ Sona ဟာ LGBT လိင်တူ၊လိင်နှစ်မျိုးလုံးနှစ်ခြိုက်သူ၊လိင်ပြောင်းလဲထားသူ အဖွဲ့ လှုပ်ရှားမှုတွေကို အမာခံအားပေးထောက်ခံသူ တစ်ဦးဖြစ်ပြီး သူမရဲ့ မယုံနိုင်စရာလိင်ပြောင်းလဲမှုခရီးစဉ်ကို သူမရဲ့ ဘလော့ဂ်မှာ မှတ်တမ်းတင်ဖော်ပြထားပါတယ်။
Ref: Mirror 
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment