ငနောင်မုန်းရေနံမှော် |
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ရေနံမတိုက်နယ် ငနောင် မုန်းရေနံမှော်အနီးရှိ ဓာတ်ကုန်းချောင်းရေကြီးရေလျှံမှုကြောင့် ဓာတ်ကုန်း ရေနံမှော်၌ တစ်ပိုင်တစ်နိုင် ရေနံတွင်းတိမ်လုပ်ကိုင်သူ ခုနစ်ဦး ရေနစ် သေဆုံးခဲ့ပြီး ရေနံတွင်းတူးပစ္စည်းများနှင့် ရေနံတွင်းများ ရေလွှမ်းမိုးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၃ ရက်မွန်းလွဲ ၂ နာရီခွဲ၌ အထက်မင်းလှမြို့နယ် ရေနံမတိုက်နယ်စခန်းမှူး ရဲအုပ်ရွှေဝင်းမောင်နှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ် ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စိန်တံခွန်ရေနံကုမ္ပဏီ မှ ဝန်ထမ်းများပူးပေါင်း၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ဓာတ်ကုန်းချောင်း တစ်လျှောက် လိုက်လံရှာဖွေခဲ့ရာ ရေနံတွင်းတိမ် လုပ်ကိုင်သူများဖြစ်ကြသော မင်းဘူးမြို့နယ်နေ မမိုးမိုးခိုင် (၃၂ နှစ်)၊ သားဖြစ်သူ အောင်မိုးသူ (၇ နှစ်)၊ မိုးမြင့်ကို (၄ နှစ်)၊ အေးချမ်းကို (၂ နှစ်)၊ စိုးသူအောင် (၂၃ နှစ်) နှင့် မြိုင်မြို့နယ်နေ မောင်မျိုးလှိုင် (၂၅ နှစ်)၊ မြို့တိုးကျေးရွာနေ မောင်ဇော်ဝင်း (၃၃ နှစ်)တို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရေနံမနယ်မြေရဲစခန်းမှူးက သေမှုသေခင်း အဖြစ် အမှုဖွင့်ဆောင်ရွက်ထားကြောင်း၊ သေဆုံးသူများအား ရေနံမတိုက် နယ်ဆေးရုံသို့ပို့ဆောင်ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် စိန်တံခွန်ရေနံကုမ္ပဏီဝန်ထမ်းများက ဗုဒ္ဓဘာသာဓလေ့ထုံး တမ်းနှင့်အညီ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ မင်းထီး (ရေနံမ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment