SSPP/SSA ဌာနချုပ် နှင့် အနီးဆုံးတပ်စခန်းတခုအား အစိုးတပ်အပြင်း အထန်ထိုးစစ်ဆင်


အောက်တိုဘာ ၁၇ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အခြေစိုက်သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ဌာနချုပ် လုံခြုံရေးတပ်စခန်း အား အစိုးရတပ်မတော် အပြင်း အထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သျှမ်းပြည် တပ်မတော် ပြော ခွင့်ရကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်တောင်ဘက် မိုင်းအတ် တပ်စခန်း အား ယမန်နေ့က အစိုးရ တပ် အင်အားအလုံးအရင်းဖြင့် ချီတက်ဝိုင်းရန် ထားကြောင်း၊ အောက်တိုဘာ ၁၆ ရက် ယမန်နေ့ ညနေ ၅ နာရီမှစ၍ တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ ညသန်းခေါင်ဘက်ငြိမ်သက်သွားသော်လည်း ယနေ့ နံနက် ၇ နာရီမှစ၍ အပြင်းအထန်ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက် လာနေကြောင်း - ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

“ဝန်ကြီးဦးခင်မောင်စိုးက ငြိမ်းချမ်းရေးကို ရှေးရှုပြီး တာ့ဆမ်ပူး ကနေ ရှောင်ေ ပး ပါဆိုလို့ ကျနော်တို့ ရှောင်ပေးပြီးပြီ။ အခုလဲ တောနင်းပြီး မိုင်းအတ် တပ် စခန်းကိုလာတိုက်နေတယ်။ လွယ်ကျူ မောက်ခေါဝ် ကနေ လက်နက်ကြီးတွေ နဲ့ ဝမ့်ဟိုင်းကိုလဲ လှမ်းပစ်သေးတယ်။ လူနေရပ်ကွက် နားကျကွဲတယ် မနေ့ည သန်းခေါင်တုန်းက” - ဟု ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ ကပြောသည်။

စစ်ဆင်မှုကွပ်ကဲရေး ဌာနချုပ် စကခ အမှတ် ၂ မိုင်းနောင်ဘက်မှ ဝမ့်ဟိုင်း ဌာနချုပ်ဘက် တက်လာ သည့် အင်အားသုံးရာခန့်ရှိ စစ်ကြောင်း ဖြစ် သည်ဟုဆိုသည်။ ညသန်းခေါင်အချိန်တွင်လည်း ဝမ့်ဟိုင်းဌာနချုပ်အနီးသို့ လက်နက်ကြီး နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်သေးကြောင်း ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် ပြည်နယ် အဆင့် ပြည်ေ ထာင် စုအဆင့် အပစ်ခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးထားသည့်အတွက်ကြောင့် ထိုးစစ်ဆင်တိုက်ခိုက်မှုအားဖြေရှင်း ရန် အစိုးရ၏ ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နှင့် စဝ်နော်လိတ်တို့ ဆွေးနွေးကြသေးကြောင်း ကြားသိရပါသည်။

Photo: Tai Tang Yan
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment