တရုတ်နိုင်ငံတွင် မိခင်တစ်ဦးသည် အလုပ်ကောင်းစွာ မလုပ်သည့် သားဖြစ်သူကို သံကြိုးဖြင့် ချည်နှောင်ပြီး လူမြင်ကွင်းတွင် ပြစ်ဒဏ် ပေးခဲ့သောကြောင့် ဝေဖန်စရာ ဖြစ်ခဲ့သည်။ အသက်(၁၇)နှစ် အရွယ်ရှိ လူငယ်တစ်ဦးသည် အလုပ် လုပ်ချင်စိတ် မရှိသောကြောင့် မိခင်ဖြစ်သူက လက်နှင့် ခြေထောက်တို့တွင် သံကြိုးဖြင့် ချည်နှောင်ပြီး သွားလာစေခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပြုလုပ်ခြင်း ကြောင့် လူငယ်ဖြစ်သူသည် အရှက်ရခဲ့ပြီး မည်သည့် အတွက်ကြောင့် ပြုလုပ်ရသနည်းဟု မိခင်ဖြစ်သူအား မေးမြန်းခဲ့ရာ အလုပ် လုပ်ချင်စိတ်မရှိဘဲ ပျင်းရိနေခြင်းကြောင့် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ယင်းဖြစ်ရပ်သည် တရုတ်နိုင်ငံ၊ အရှေ့ဘက် ကမ်းရိုးတန်း Zheijang ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အမည် မသိရသည့် မိခင်တစ်ဦးသည် သားဖြစ်သူကို စစ်တပ်တွင် အပြစ်ပေးသည့် ပုံစံမျိုး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဒေသခံများက အိမ်တွင် ချည်နှောင်ထားပါသလားဟု ပြောကြားခဲ့ရာ မိခင်ဖြစ်သူက မိမိ၏သားသည် အိမ်မှ ထွက်ပြေးနေသူ ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပြစ်ဒဏ်နှင့်သာ သင့်တော် ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သားဖြစ်သူကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း မိခင်ဖြစ်သူက အိမ်တွင်ရှိနေသည် ခင်ပွန်းဖြစ်သူ၏ ဆုံးဖြတ်ချက်ကို ယူရဦးမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး မည်သည့်တိုင်ကြားမှုကိုမှ လက်ခံရရှိခြင်း မရှိကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် သားသမီးများကို ဆုံးမရာတွင် ရိုက်နှက်ခြင်း၊ ချည်နှောင်ခြင်းများကို ပြုလုပ်နေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မိခင်တစ်ဦးသည် မွေးစားသားကို ရိုက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံရကြောင်း သိရသည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment