၁၉၅၂ ခုနှစ်က လက်သည်းမညှပ်ပဲ ထားခဲ့တဲ့ ကမ္ဘာ့လက်သည်းအရှည်ဆုံး အိန္ဒိယအမျိုးသား


အသက် ၇၈ နှစ်အရွယ်၊ အိန္ဒိယလူမျိုး Shridhar Chillal ဟာ ကျောင်းနေအရွယ်ကတည်းက သူ့ ရဲ့ ဘယ်ဘက်လက်က လက်သည်းတွေကို အရှည်ထားခဲ့တာဖြစ်ပါတယ်။ သူ့ ရဲ့ အလွန်တရာရှည်လျား လှတဲ့ လက်သည်းတွေဟာ အလုပ်လုပ်ဖို့ ခဲယဉ်းသလို ချစ်သူတစ်ယောက်ရဖို့ လည်း အခက်အခဲတွေ့ ခဲ့ရပေမယ့် သူဟာ လက်သည်းကို မညှပ်ဘဲ အရှည်ဆက်ထားခဲ့ပါတယ်။
အခုအခါမှာတော့ Shridhar ကို ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ က တရားဝင်အသိအမှတ်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ ‘လက်တစ်ဖက်မှာရှိတဲ့ အရှည်ဆုံးလက်သည်းများ’ စံချိန်ကို ရရှိခဲ့ပါတယ်။“ ကျွန်တော် ကျောင်းသားဘ၀တုန်းက၊ တစ်နေ့ မှာ ကျွန်တော့်ဘော်ဒါ တစ်ယောက်က ဆရာ့လက်သည်းကို ကျိုးအောင်လုပ်မိလို့ ဆိုပြီး ဆရာ အသားကုန်ရိုက်တာ ကျွန်တော်တို့ ခံခဲ့ရပါတယ်။ အဲဒီတုန်းက ဆရာက လက်သည်းအရှည်ကြီး ထားထားတာ”
“ ဒါနဲ့ ကျွန်တော်တို့ လည်း လက်သည်းလေးကျိုးအောင်လုပ်မိတာနဲ့ ဘာလို့ အသေဆော်ရလဲ ဆရာရယ်လို့ မေးကြည့်တော့၊ မင်းတို့ လက်သည်းအရှည် မထားဘူးရင် နားလည်မှာမဟုတ်ဘူးလို့  ဆရာက ပြန်ပြောတယ်ဗျ” လို့ Shridhar က သူ လက်သည်းအရှည်ထားဖြစ်ရတဲ့ အကြောင်းရင်းကို အစချီ ပြောပြပါတယ်။ ဆရာ့စကားကြားပြီးနောက်မှာတော့ Shridhar ဟာ ဆရာရဲ့စကားကို စိန်ခေါ်မှုတစ်ခုအနေနဲ့ သတ်မှတ်ပြီး သူ့ လက်သည်းတွေကိုလည်း အရှည်စထားခဲ့ပါတယ်။ အခုအခါမှတော့ သူ့ ရဲ့ ဘယ်ဘက် လက်သည်းတွေ စုစုပေါင်းဟာ ၉၀၉.၆ စင်တီမီတာရှိနေပြီဖြစ်ပါတယ်။  
လက်မလက်သည်းက နှစ်မီတာနဲ့ အရှည်ဆုံးဖြစ်ပြီး လက်ခလည်လက်သည်းက ၁၈၆.၆ စင်တီမီတာ ရှိကာ၊ လက်သူကြွယ်က ၁၈၁.၆ စင်တီမီတာရှိပါတယ်။ လက်ညှိုးက ၁၆၄.၅ စင်တီမီတာနဲ့ အတိုဆုံးဖြစ်ပြီး လက်သန်း လက်သည်းကတော့ ၁၇၉.၁ စင်တီမီတာ အထိရှိပါတယ်။ ရှည်လျားလွန်းလှတဲ့လက်သည်းတွေကြောင့် Shridhar ဟာ နေ့ စဉ်ဘ၀မှာ အခက်အခဲမျိုးစုံကြုံခဲ့ရပြီး သူ့ ရဲ့ မိသားစုကလည်း လက်သည်းအရှည်တွေကို မကြိုက်ကာ၊ ဘယ်သူမှ မ၀တ်မလျှော်ပေးတာ ကြောင့် သူ့ လက်နဲ့ ပဲ အ၀တ်လျှော်ခဲ့ရတယ်လို့ ဆိုပါတယ်။
အလုပ်ခန့် ချင်တဲ့လူလည်း မရှိတာကြောင့် အလုပ်ရှာရတာကလည်း တော်တော်အခက်တွေ့ ခဲ့တယ်လို့ ပြန်ပြောပါတယ်။ သူဟာ အိမ်ထောင်ဘက် ရှာရာမှာလည်း အခက်အခဲမျိုးစုံတွေ့ ခဲ့ပြီး နောက်ဆုံး အသက် ၂၉ နှစ်ကျမှ သူ့ အကိုရဲ့ ခယ်မကို လက်ထပ်ခဲ့တာဖြစ်ပါတယ်။ Shridhar ဟာ အခုတော့ သူ့ ရဲ့ လက်သည်းတွေကို ဖြတ်တောက်ပစ်ဖို့ စိတ်ကူးထားပြီး ပြတိုက်တစ်ခုမှာ ထိန်းသိမ်းပြသထားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment