၎နှစ်သားအရွယ်ကလေးငယ်တဦး စက်လှေကားညှပ်၍သေဆုံး


 တရုတ်နိုင်ငံမှာ ၄နှစ်သား အရွယ် ယောကျာ်း ကလေးငယ် တစ်ဦး မြေအောက် ရထား ဘူတာရုံတွင် စက်လှေကားနှင့် ကြမ်းခင်း အကြားညှပ် ၍ သေဆုံးမှု့ ဖြစ်ပွားခဲ့ကြောင်း ကြာသာပတေးနေ့က  ချုံကင်းရထားပို့ဆောင်ရေးမှ ထုတ်ပြန်သော သီတင်းတစ်ရပ်အရ သိရှိရပါတယ်။


ကလေးငယ်ဟာ ၃နှစ်အရွယ်မိန်းကလေးတစ်ဦးနှင့်ကစားနေစဉ် ရုတ်တရက်လဲကျလိမ့်ဝင်သွားပြီး လည်ပတ်နေသော စက်လှေကား၏လက်ရမ်း နှင့် ကြမ်းခင်းအကြားအလွန်ကျဉ်းမြောင်းတဲ့နေရာမှာ ညှပ်မိသွားခြင်းဖြစ်ပါတယ်။မြေအောက်ရထားဝန်ထမ်းတွေဟာ ချက်ချင်းဆိုသလိုစက်လှေကားကိုရပ်တန့် ၍ကလေးငယ်ကိုကူညီကယ်ဆယ်ခဲ့သော်လည်း ကလေးငယ်၏ရင်ဘတ်အားပြင်းထန်တဲ့ဖိအားဒဏ်ကြောင့် ကလေးငယ်ဟာ ဆေးရုံရောက်ပြီးမကြာခင်သေဆုံးခဲ့ပါတယ်။ ထိုသို့ဖြစ်ပွားစဉ်အတူကစားနေခဲ့သော ကလေးနှစ်ဦးမှအနောက်တွင်ကျန်နေခဲ့သော ကလေးငယ်၏မိခင်အားသွားရောက် အကြောင်းကြားခဲ့ရပါတယ်။


ယင်းဖြစ်ရပ်ကြောင့်တရုတ်လူမှု့ရေး ၀က်ဆိုက်များတွင်များစွာသောပူဆွေးမှု့များဖြစ်ပွားခဲ့ကြပြီး မိဘတွေဟာတာဝန်ယူသင့်ကြောင်း အထူးသဖြင့် လူသွားလူလာများပြားသောနေရာများ တွင်ကလေးငယ်များအားပို၍ဂရုစိုက်သင့်ကြောင်းစသည်ဖြင့် စိုးရိမ်ကြောင့်ကြစွာဖြင့် သတိပေးလျက်ရှိနေကြပါတယ်။


လည်ပတ်နေသောစက်ပစ္စည်းများ၏ အနီးမှာကလေးငယ်များရှိနေခြင်းဟာ အင်မတန်မှ အန္တရာယ်များလှပါတယ်။ ၃နှစ် ၄နှစ်အရွယ်ကလေးငယ်များဟာ မိမိကိုယ်ကိုထိန်းသိမ်းနိုင်စွမ်း အားနည်းကြသေးသော အရွယ်လည်းဖြစ်ပါတယ်။ အဲဒါကြောင့် china.com ပရိသတ်ကြီးများလည်း မိမိရဲ့ကလေးငယ်များကို လည်ပတ်နေသောစက်ပစ္စည်းများအနီးတွင် ရောက်ရှိနေပါက မိမိနှင့်အတူရှိနေစေကာ အထူဂရုစိုက်သင့်လှပါကြောင်း စေတနာကောင်းဖြင့်သတိပေးလိုက်ရပါတယ်ခင်ဗျာ။

china.com Myanmar
http://myanmar.china.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment