ဘင်္ဂလာဒေ့ရှ် ထိပ်တန်းလူကုန်ကူး ခေါင်းဆောင် တစ်ဦးကို မြန်မာနယ်စပ်အနီးတွင် ဖမ်းဆီး


 ရန်ကုန်၊ အောက်တိုဘာ ၎

 လူကုန်ကူးမှုနှင့် ပတ်သက်၍ ဘင်္ဂလာဒေ့ရှ်က အလိုရှိနေသူ လူကုန်ကူး ခေါင်းဆောင် တစ်ဦးကို ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့က မြန်မာ နယ်စပ်အနီးရှိ ဆာပူရ်ရီ (ဆင်မဖြူကျွန်း)တွင် ဖမ်းဆီးလိုက်သည်ဟု BD news 24 တွင် ဖော်ပြသည်။

တက်ကနက် (ရခိုင်အခေါ် ကယုချောင်းမြို့) ရဲစခန်းမှူး Md Ataur Rahman Khandker က လူကုန်ကူး ခေါင်းဆောင် မူဟာမတ် ဟာဆိမ်း ( Mohammad Hashem) (၄၆) နှစ်ကို ဖမ်းဆီးပြီးနောက် သူ့မှာ နိုင်ငံတကာလူကုန်ကူးမှု အဖွဲ့၏ ၁၁ ယောက် မြောက် အဖွဲ့ဝင် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုသည်။

အဖမ်းခံရသူမှာ ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့တွင် လူကုန်ကူးမှု အမူ ၂၀ ဖြင့် စွပ်စွဲခံထားရသူ ဖြစ်ပြီး ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးစာရင်းတွင် ပါဝင်သူ ဖြစ်သည်ဟု ဆိုသည်။

ယခု အဖမ်းခံရသူ ဟာဆိမ်မှာ လူကုန်ကူးသူများကို နှိမ်နှင်းစဉ်ကတည်းက ထွက်ပြေးနေသူ တစ်ဦးဖြစ်ပြီး ဆာပူရ်ရီ ကျွန်းကို ပြန်လာစဉ် ဈေးအနီးတ၀ိုက်ကို သတင်းအရ ရှာဖွေစဉ် ဖမ်းဆီးမိခဲ့သည်ဟု ရဲက ပြောသည်။

မောင်အေး (ကော့စ်ဘဇား)
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment