၁.၇ မီတာ (ပေ ၅.၅၇၇၄၃) မြင့်ပြီး ပတ်လည်အဝိုင်း ၅.၃၉ မီတာ (၁၇.၆၈၃၇၃ ပေ) ရှိတဲ့ ဧရာမရွှေဖရုံသီးဟာ ဗြိတိန်ရဲ့ အကြီးဆုံးရွှေဖရုံသီးအဖြစ် မှတ်တမ်းစံချိန်သစ်တင်ဖို့ နာမည်ပြေးနေပါတယ်။
Pennington က အမြွှာညီအစ်ကိုယ် Ian နဲ့ Stuart Paton မှ စိုက်ပျိုးခဲ့တဲ့ ယင်းရွှေဖရုံသီးကို Netley က Autumn Pumpkin Festival မှာ သောကြာနေ့က အလေးချိန်တိုင်းတာခဲ့ပါတယ်။
ယင်းအမြွှာညီအစ်ကိုယ်တွေအနေနဲ့ စံချိန်ချိုးဖို့ ယုံကြည်မှုရှိနေကြပြီး ၈၅၄ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ရွှေဖရုံသီးတစ်လုံး ကျန်ခဲ့တဲ့ ဆောင်းရာသီမှာ တီထွင်ဖန်တီးခဲ့ကြပါတယ်။
ယခု ၅၄ နှစ်ရှိအရွယ် ယင်းညီအစ်ကိုယ်နှစ်ဦးက ရွှေဖရုံသီးတွေကို ဆယ်နှစ်နီးပါး စိုက်ပျိုးပြုစုခဲ့ကြပြီး ဒါ အလွန်အမင်း စွဲလန်းမှုတစ်မျိုး ဖြစ်လာခဲ့ကြောင်း Ian က ဝန်ခံပြောဆိုပါတယ်။
Ref: cctvnews
Trend Myanmar
0 comments:
Post a Comment