တည်ငြိမ်အေးချမ်းမှုကို မလိုလားသူအချို့ရှိ၍ ရွေးကောက်ပွဲတည်ငြိမ်စေရေး ဝိုင်းဝန်းကူညီကြရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း




တရားမျှတပြီး လွတ်လပ်သည့်ရွေးကောက်ပွဲဖြစ်ပေါ် လာရန်အရေးကြီးသည့် တည်ငြိမ် အေးချမ်းမှုကို မလိုလားသူအချို့ ရှိသည့်အတွက် အရပ်ဘက်အဖွဲ့ အစည်းများအပါအဝင် ပြည်သူ များအနေဖြင့် ရွေးကောက်ပွဲတည် တည်ငြိမ်ငြိမ်ဖြစ်မြောက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

ဗန်းမော်မြို့ သိမ်မဟာ ဘုရားဝင်းအတွင်း ယမန်နေ့ (အောက်တိုဘာ ၅ ရက်)က ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ ငါးထောင်ခန့်တက်ရောက်ခဲ့သော မဲဆွယ်ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဟောပြောပွဲ၌ ဒေသခံအမျိုးသမီးတစ်ဦးက ငြိမ်းချမ်းရေး နှင့် မဲပေးခြင်းဆိုင်ရာကိစ္စရပ်များ တွင် ၎င်းတို့ဒေသ၌ လူငယ်များ အပါအဝင် အရပ်ဘက်အဖွဲ့အ စည်းများအားကောင်းလာခြင်း သည် ဒီမိုကရေစီစနစ်အပေါ် မည် ကဲ့သို့အထောက်အကူပြုနိုင်သည် ကို မေးမြန်းခဲ့သည်။

‘‘ရွေးကောက်ပွဲများ တရား မျှတပြီး လွတ်လပ်ဖို့ဆိုတာ အင်မ တန်မှ အရေးကြီးပါတယ်။ ရွေး ကောက်ပွဲများဖြစ်မြောက်ဖို့ဆို တာလည်း အရေးကြီးပါတယ်။ ဒါ ကြောင့်မို့လို့ ဒီအချိန်မှာ တည်ငြိမ် အေးချမ်းဖို့ သိပ်အရေးကြီးပါ တယ်ဆိုတယ်။ ကျွန်မသတိပေးပါ ရစေ။ တချို့တွေက မစားရတဲ့အ မဲ သဲနဲ့ပက်မယ်ဆိုတဲ့စိတ်ဓာတ် တွေ နည်းနည်းရှိတဲ့အခါကျတော့ ပြည်သူက ဒီရွေးကောက်ပွဲများ တည်တည်ငြိမ်ငြိမ်နဲ့ဖြစ်မြောက် ရေးအတွက် တတ်နိုင်သမျှ ကြိုး စားရမှာပါ။ ဒီထဲမှာ အရပ်ဘက် လူ့အဖွဲ့အစည်းများရဲ့အကူအညီ ဟာ အင်မတန်မှ လိုအပ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်ကဖြေကြားသည်။


ရွေးကောက်ပွဲတွင် ပြည်သူ များမှန်မှန်ကန်ကန်မဲပေးနိုင်ရန် ဆောင်ရွက်ရမည့်နည်းလမ်းများ ကို လူငယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။

‘‘ရွေးကောက်ပွဲမတိုင်မီအ ချိန်မှာလည်း အရပ်ဘက်အဖွဲ့အ စည်းတွေက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မသမာမှုတွေရှိရင်၊ မတိကျမှုတွေရှိရင်၊ ဥပဒေမဲ့လုပ် ရပ်တွေ ရှိရင် ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြစေလိုပါ တယ်။ ဒါမှ တရားဝင်တင်ပြထား လို့ရှိရင် ရွေးကောက်ပွဲကော်မရှင် အရေးယူတာ၊ မယူတာက ကော် မရှင်နဲ့သက်ဆိုင်ပါတယ်။ ကိုယ် ကနေ တင်ပြလိုက်လို့ရှိရင် ကိုယ့် ရဲ့နိုင်ငံသားတစ်ဦးတာဝန်လည်း ကျေပွန်မယ်။ နောက် ဒါမျိုးတွေ လည်း နည်းနည်းအဟန့်အတား ဖြစ်သွားပါမယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ဆက်လက်ပြော သည်။

ဗန်းမော်လူထုဟောပြောပွဲ အမေးအဖြေကဏ္ဍတွင် ငြိမ်းချမ်း ရေး၊ ဘာသာရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဆင်းရဲမွဲတေမှုတိုက် ဖျက်ရေး၊ နယ်စပ်ဒေသ၊နိုင်ငံခြား သားများကိစ္စ စသည့်အကြောင်း အရာများ မေးမြန်းခဲ့ကြသည်။

ကချင်ပြည်နယ်သို့ မဲဆွယ် စည်းရုံးရေးခရီးစဉ်ရောက်ရှိနေ သော ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာ ၆ ရက်တွင် မိုးမောက်မြို့၌ ဆက်လက်ဟော ပြောမည်ဖြစ်သည်။

7day daily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment