ကင်ဆာရောဂါသည် ခင်ပွန်းရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးမယ့် Celine Dion





သီချင်းဆိုတဲ့နေရာမှာ ကဝေတစ်ယောက်လို ထူးချွန်လှတဲ့ ၀ါရင့်အဆိုတော်ကြီး Celine Dion ဟာ လည်ချောင်းကင်ဆာ ရောဂါ ကို ခံစားနေရတဲ့ သူမရဲ့ခင်ပွန်း နဲ့ အချိန် ဘယ်လောက်ကြာကြာ အတူနေရဦးမလဲဆိုတာမသိနိုင်ပါဘူး။ ဒါပေမယ့် သူမ ခင်ပွန်းရဲ့ နောက်ဆုံး ဆန္ဒကတော့ နောက်ဆုံးကျန်ရှိနေတဲ့ အချိန်တွေကို သူမ နဲ့အတူ ကုန်ဆုံးချင်တယ်ဆိုတာပါပဲ။

Celine Dion အနေနဲ့လည်း သူမ အရမ်းချစ်ရတဲ့ ခင်ပွန်း သည် Rene Angelil သေဆုံးသွားတဲ့အခါ ဘယ်လောက်ထိ ရင်ကွဲနာ ကျရမလဲဆိုတာ မသိပေမယ့် Rene ရဲ့ နောက်ဆုံး ဆန္ဒကိုတော့ သူမက ဖြည့်ဆည်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

"Rene က ကျွန်မကို သူ့အနေနဲ့ ကျွန်မရင်ခွင်ထဲမှာပဲ သေချင်တယ်လို့ ပြောပါတယ်။ကျွန်မကလည်း ဟုတ်ပြီ ၊ ကျွန်မရှိနေမယ် ၊ ရှင် ကျွန်မ ရင်ခွင်ထဲမှာပဲ သေရမှာပါ လို့ ပြန်ပြောခဲ့ပါတယ်။ " လို့ အသက် ၄၇ နှစ်အရွယ် Dion က USA Today သတင်းဌာနကို ပြောပြခဲ့ပါတယ်။ အသက် ၇၃ နှစ်ရှိနေပြီဖြစ်တဲ့ Rene ဟာ လည်ချောင်းကင်ဆာ ရောဂါကိုခံစားနေရတဲ့အတွက် အစာပြွန် အသုံးပြုပြီး အာဟာရ ရယူနေရတာ ၂ နှစ်ခန့် ရှိနေပါပြီ။

သူမ အနေနဲ့ ကလေး တွေကို ဂရုစိုက်မယ့် အကြောင်းနဲ့ သူမခင်ပွန်းကိုလည်း တမလွန်ကနေ စောင့်ကြည့်နေဖို့ ပြောပြခဲ့ရတာဟာ သူမအတွက် အခက်ခဲဆုံး အလုပ်ဖြစ်ခဲ့တယ်လို့လည်း Celine Dion က ပြောပြပါတယ်။

သူမတို့ စုံတွဲဟာ Celine Dion အသက် ၁၂ နှစ်အရွယ် ၊ Rene က အသက် ၃၈ နှစ်အရွယ်မှာ စတင်တွေ့ဆုံခဲ့ကြပြီး ၁၉၉၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့စုံတွဲမှာ ကလေး ၃ ယောက်ရှိပြီး အသက် ၁၄ နှစ်အရွယ် Rene Charles ၊ အသက် ၄ နှစ်အရွယ် အမြွှာပူး Eddy နဲ့ Nelson တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Life Script
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment