ဆိုးသွမ်းလူငယ် ပြုပြင်ရေး စင်တာ မှာ နံရံဆေးသုတ်နေရတဲ့ Justin Bieber



ဆယ်ကျော်သက်တို့ရဲ့ အသည်းစွဲ အဆိုတော်လေး Justin Bieber ဟာ အမေရိကန် ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယား ပြည်နယ် ၊ Santa Monica တရားရုံးမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က သူ့ရဲ့ ပြစ်ဒဏ်ပေးခံရတာကို စောင့်ကြည့်တဲ့ ရဲအရာရှိနဲ့အတူ တွေ့လိုက်ရပါတယ်။

သတင်းအရင်းအမြစ် တစ်ဦးက ပြောခဲ့တာကတော့ ထို စောင့်ကြည့်ရဲ အရာရှိဟာ JB ရဲ့ ဆောင်ရွက်မှုတွေအတွက် ထင်မြင်ချက် ကောင်းကောင်းပေးခဲ့ပါတယ်။ တစ်ကယ်တော့ ဘီဘာ ဟာ ကြက်ဥ နဲ့ ပစ်ပေါက်ပြီး ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးခဲ့မှု အတွက် ၅ ရက် တိတိ လူမှုရေး အလုပ်တွေ လုပ်ဆောင်ရန် ပြစ်ဒဏ်ပေးခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် JB ဟာ လူမှုရေး အလုပ်တွေ လုပ်ဆောင်မှုအတွက် ဆိုးသွမ်း လူငယ် ပြုပြင်ရေး စင်တာမှာ နံရံတွေကို ဆေးသုတ်နေတဲ့ ဗီဒီယိုကိုလည်း သူ့ဘာသာ သူ Post လုပ်ခဲ့ပါသေးတယ်။

ထို ဗီဒီယို ထဲမှာတော့ Justin Bieber ဟာ သူ့ရဲ့ သီချင်းအသစ်တစ်ပုဒ်ကိုလည်း နောက်ခံအဖြစ် ဖွင့်ထားပြီး Jay-Z ရဲ့ "Hard Knock Life" သီချင်းကိုလည်း ဖွင့်ထားတာကိုတွေ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment