Jim Carrey ရဲ့ ရည်းစားဖြစ်သူ Cathriona White မိမိကိုယ်ကို သတ်သေ


ဟောလီးဝုဒ်ရဲ့နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် Jim Carrey ရဲ့ ရည်းစားဖြစ်သူ Cathriona White ရဲ့ အလောင်းကို စက်တင်ဘာ ၂၈ ရက်နေ့ က လော့စ်အိန်ဂျယ်လိစ်မြို့ ရှိ၊ သူမရဲ့နေအိမ်အတွင်းမှာ တွေ့ ရှိခဲ့ရပါတယ်။
မိမိကိုယ်ကိုသေကြောင်း ကြံစည်မှုလို့ ယူဆရတဲ့ ဒီဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်ဟာ စက်တင်ဘာ ၂၄ ရက်နေ့ က  Jim Carrey နဲ့ သူမ တို့ နောက်တစ်ကြိမ် လမ်းခွဲကြပြီးနောက်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။  အသက် ၂၈ နှစ်အရွယ် Cathriona White ဟာ အသက် ၅၃ နှစ်အရွယ် Jim Carrey နဲ့ ၂၀၁၂ ခုနှစ်မှာ စတင် ချစ်ကြိုက်ခဲ့ပြီး သူတို့ နှစ်ယောက်ရဲ့အချစ်ရေးဟာ အခုအချိန်ထိ ပြတ်လိုက်၊တွဲလိုက်နဲ့  မတည်မငြိမ်ဖြစ်နေခဲ့တာပါ။
Cathriona White တစ်ယောက် သေဆုံးရခြင်း အကြောင်းရင်းကို မသိရသေးပေမယ့် တရားစီရင်ရေးအရာရှိ တွေကတော့ မူးယစ်ဆေးလွန်ကဲမှုကြောင့်လို့ ယူဆရတယ်လို့ ပြောကြားခဲ့ပါတယ်။ သူမရဲ့အလောင်းကို သူငယ်ချင်းနှစ်ယောက် စတင်တွေ့ ရှိချိန်မှာလည်း ဆေးပြားတစ်ချို့ ကို သူမအလောင်းဘေးမှာ တွေ့ ရတယ်လို့ ဆိုပါတယ်.။
Cathriona ဟာ Jim Carrey ကို လိပ်မူထားတဲ့ သေတမ်းစာတစ်စောင် ထားရစ်ခဲ့တယ်လို့ ဆိုပြီး Twitter မှာလည်း နောက်ဆုံးအနေနဲ့ Jim Carrey ကို ရည်ညွန်းထားတဲ့ tweet တစ်ခုကို တင်ထားခဲ့ပါတယ်။    
ye wint
Ref: hollywoodlife 
Trende Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment