iPhone 6 ရဖို့ တစ်ကိုယ်လုံးချွတ်ပြ တောင်းဆိုခဲ့တဲ့ အမျိုးသမီး



 iPhone 6 ၏ ရိုက်ခတ်မူက လူ့အဖွဲ့အစည်းကို ဂယက်ထစေခဲ့သည်။ ကျောက်ကပ် ရောင်းချခြင်း၊ သုက်လှူဒါန်းခြင်း စသည့်အဖြစ်အပျက် မျိုးစုံ ပေါ်ထွက်ခဲ့သည်။ ထို့ထက်ပို စိတ်ဝင်စားစရာ ကောင်းသည့် အဖြစ်အပျက်လည်း ရှိခဲ့သည်။ ယင်းမှာ အမျိုးသမီးတစ်ဦးသည် iPhone 6 ကို ချစ်သူဖြစ်သူက ၀ယ်ပေးဖို့ ငြင်းဆန်ခဲ့သောကြောင့် ၀တ်ဆင်ထားသည့် အ၀တ်အစားတွေ ချွတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံရှိ  ရှောပင်းစင်တာ တစ်ခုတွင် ယင်းအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
      အမျိုးသမီးတစ်ဦးသည် ချစ်သူဖြစ်သူနှင့် ဖုန်းဆိုင်ကို ရောက်လာရင်း ကြည့်ရှုမှုတွေ ပြုလုပ်ခဲ့သည်။ ယင်းနောက် အမျိုးသမီးက ချစ်သူ ဖြစ်သူကို iPhone 6 ၀ယ်ပေးရန် ပူဆာခဲ့သည်။ ထိုအခါ အမျိုးသားက ၀ယ်ပေးရန် ငြင်းဆန်ခဲ့သည်။ ယင်းနောက် ပြဿနာ စတက်ခဲ့သည်။ အမျိုးသမီးက အမျိုးသားကို ၀ယ်ပေးဖို့ ပြောဆိုမှုတွေ ပြုလုပ်ပြီးနောက် အပေါ်ပိုင်းအ၀တ်တွေ ဆွဲချွတ်ပစ်ခဲ့သည်။ ယင်းနောက် အောက်ပိုင်းရှိအ၀တ်ကို ထပ်မံချွတ်သည်။ နောက်ဆုံး တစ်ကိုယ်လုံး ချွတ်ပစ်လိုက်သည်။ ထို့နောက် အမျိုးသားဖြစ်သူက ဆိုင်ရှေ့မှ ထွက်ခွာသည့်အခါ အမျိုးသမီးက ၀တ်လစ်စလစ်ဖြင့် အနောက်က လိုက်ခဲ့သည်။ ယင်းအဖြစ်အပျက်ကို ဗွီဒီယို ရိုက်ကူးပြီး အင်တာနက်ပေါ် တင်ခဲ့ရာ ရက်ပိုင်းအတွင်း ကြည့်ရှုသူ (၁) သန်းကျော် ရှိခဲ့သည်။ အမျိုးသမီးအနေဖြင့် iPhone 6 ရ၊ မရကို မသိရကြောင်း သတင်းတွင် ရေးသားထားသည်။ iPhone 6 ရရှိဖို့ တစ်ကိုယ်လုံးချွတ်ပြ တောင်းဆိုခဲ့သည့် အမျိုးသမီး အကြောင်းကို လူမူကွန်ရက်တွေမှာ ပြောမဆုံး ဖြစ်နေကြောင်း သိရသည်။
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment