Justin Bieber ရဲ့ Album သစ်ကို အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရောင်းချခွင့်မရှိဘူးလို့ Showz Insiders မှ ဖော်ပြထားပါတယ်။
ဒီပိတ်ပင်တားဆီးမှုမှာ Justin Bieber ရဲ့ ရင်ဘတ်ပေါ်က လက်ဝါးကပ်တိုင်ပုံ (cross) နဲ့ ရှပ်အင်္ကျီ ဝင်ဆင်မထားတဲ့ မျက်နှာဖုံး ဓာတ်ပုံကြောင့် ပိတ်ပင်ခံရတာလို့ ယူဆရပါတယ်။
မူပိုင်တေးသံသွင်း လုပ်ငန်းရှင်တွေမှ ဒီ album ကို နိုဝင်ဘာလမှာ တရားဝင် မဖြန့်ချိမီ ယင်း Purpose album မှာပါတဲ့ ဓာတ်ပုံကို ပြောင်းလဲလုပ်ဆောင်ရန် ဗျာများနေကြပါတယ်။
မကြာသေးမီက အင်တာဗျူးတစ်ခုမှာ အသက် ၂၁ နှစ်ရှိတဲ့သူက တရားဥပဒေနဲ့ ငြိစွန်းမှုဖြစ်ပြီးနောက်ပိုင်း သူ့ရဲ့ ခိုင်မာတဲ့ ခရစ်ယာန်ဘာသာယုံကြည်ချက်က ဒီအပြုအမူ ဖြစ်စေကြောင်း သူက အခိုင်အမာပြောဆိုထားပါတယ်။
ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ခရစ်တော် (Jesus) ကို ချစ်မြတ်နိုးပါတယ်။ ကျွန်တော့် ကယ်တင်ရှင်လည်း ဖြစ်တယ်လို့ Beiber က Complex Magazine ကို ပြောပြခဲ့ပါတယ်။
ကျွန်တော့် ယုံကြည်ခြင်းက ဒီအခြေအနေထိ တွန်းပို့ပေးသွားတာပါ။ မိမိယုံကြည်မှုအကြောင်း ပြောဆိုဆွေးနွေးရတာ နှစ်သက်သဘောကျမိပါတယ်လို့ သူကဆိုပါတယ်။
တူရကီနိုင်ငံ Istanbul မှာ သွားရောက်ဖျော်ဖြေစဉ်က မူဆလင်ပရိတ်တွေ ဆုတောင်းခြင်းပြုနိုင်အောင် သီဆိုဖျော်ဖြေမှုကို ရပ်နားပေးခဲ့ပါတယ်။ အဲဒီအခါ ပရိသတ်တစ်ယောက်က Twitter ပေါ် “အခုတော့ ဒီကောင်လေးအား လေးစားသွားပြီ” လို့ ရေးသားခဲ့ပါတယ်။
ဒီ album ပိတ်ပင်တားဆီးတာဟာ Bieber ကိုယ်လုံးတီးဖြင့် အရှေ့ဘက်ခြမ်း အပြည့်မြင်အောင်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ အင်တာနက်ပေါ် ထွက်လာပြီးနောက် ရက်ပိုင်းမှာသာ ဖြစ်ခဲ့တာပါ။
သူ့ မြစ်ကမ်းနားဘေး နေအိမ်အပြင်ဘက်သို့ ကိုယ်လုံးတီး လမ်းလျှောက်ထွက်လာတဲ့အချိန်မှာ သူ့ရေကူး ဘောင်းဘီတိုအနား တဝိုက်ထိ သိသာထင်ရှားသော အသားညှိအောင်နေရောင်ခံတဲ့ အစင်းအကြောင်းတွေပါဝင်တဲ့ ဒီဓာတ်ပုံတွေ ရိုက်ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီဓာတ်ပုံတွေဟာ Justin တစ်ယောက်တည်း အေးအေးလူလူ အပန်းဖြေနေစဉ် သူ မသိဘဲ ခိုးရိုက်ထားတဲ့ ပုံတွေလို့ ယူဆထားပါတယ်။
Ref: Express
Trend Myanmar
trend.com.mm
0 comments:
Post a Comment