Leonardo DiCaprio ငယ်ရုပ်နဲ့ တူလွန်းတာကြောင့် နာမည်ကြီးလာတဲ့ Leo ကိုယ်ပွား Konrad Annerud


တိုက်တန်းနစ်ဇာတ်ကားထဲက မင်းသားချောလေး Leonardo DiCaprio ကို သိကြတယ်ဟုတ်။ ဆံပင်ကို နောက်ပြန်လှန်ဖြီးထားပြီး ညှို့မျက်လုံးတွေနဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးလေ။ အဲ့ဒီအချိန်တုန်းက မင်းသားရဲ့ အသွင်အပြင်၊ ဖက်ရှင်၊ အပြင်အဆင်တွေကြောင့် Leonardo ဟာ ပျိုမေတွေရဲ့ အသည်းစွဲဖြစ်ခဲ့ပေမယ့် ခုတော့ အသက်တွေ ကြီးရင့်သွားကြပါပြီ။ ဒါပေမယ့် အဲ့ဒီတုန်းက Leonardo ပုံနဲ့ချွတ်စွပ်နီးပါးဆင်တူတဲ့သူ နောက်တစ်ယောက် ပေါ်လာခဲ့ပါပြီ။
သူက ဆွီဒင်မော်ဒယ်လ်တစ်ဦးလည်းဖြစ်သလို ဂီတသမားလည်းဖြစ်ပါတယ်။ နာမည်ကတော့ Konrad Annerud လို့ ခေါ်ပါတယ်။ သူ့ပုံစံကတော့ ၉၀ခုနှစ်တွေတုန်းက Leoပုံစံအတိုင်းပါပဲ။ အဲ့ဒီလို ကမ္ဘာကျော်မင်းသား နဲ့ တော်တော်လေး ဆင်တူတဲ့အတွက် သူဟာ နေ့ချင်းညချင်း နာမည်ကြီးလာခဲ့ပါတယ်။
ခုလို လူတွေသူ့ကို သတိပြုမိလာကြတဲ့အကြောင်း Konrad က "'ဒီနွေရာသီ အီတလီမှာ ကျွန်တော်ရှိနေချိန်တုန်းက ကျွန်တော့ဆံပင်တွေကို ဘေးနားရိတ်သလိုမျိုး ညှပ်ပစ်လိုက်တယ်။ အဲ့ဒီမှာဇာတ်လမ်းက စတာပဲ။ ကျွန်တော်အပြင်ထွက်တိုင်း လူတွေက ကျွန်တော့်နားကို Leo ဆိုပြီး အမြဲအော်ဟစ်ရောက်လာကြတယ်။ ကျွန်တော်နဲ့ ဓာတ်ပုံတွေ တွဲရိုက်ကြတယ်။ ကျွန်တော်ကြုံဖူးသမျှထဲမှတော့ တကယ့်ရူးလောက်တဲ့ အတွေ့အကြုံတွေပါပဲ။ ခုတော့ ဘယ်ကိုသွားသွား အဲ့ဒီလိုမျိုးတွေ ဆက်တိုက်ကြုံနေရတယ်" လို့ သူက ပြောပြသွားပါတယ်။
Ref:popsugar
 trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment