အသက် ၂၆ နှစ်အရွယ် Dlaonte Dee Lewis ဆိုသူဟာ ကျောင်းနှစ်ကျောင်းထဲ ဝင်ရောက်ကာ အသံချဲ့စက်နဲ့ Justin Bieber သီချင်းတွေ အော်ဟစ်သီဆိုဖို့ ကြိုးပမ်းပြီးနောက် အောက်တိုဘာ ၂၈ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရကြောင်း WCHS8 မှ သတင်းဖော်ပြခဲ့ပါတယ်။ တရားမဝင် ဝင်ရောက်ကျူးကျော်မှု၊ မလျော်မကန်ပြုမူမှုနဲ့ ဆေးခြောက်လက်ဝယ်ထားရှိမှု စတာတွေနဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
Lewis ဟာ Dunbar Middle School အနောက်ပေါက်ကနေ အလစ်ဝင်ရောက်ပြီး ရုံးခန်းဆက်သွယ်မှု စနစ်မှတဆင့် Justin Bieber ရဲ့ သီချင်းတွေကို ရုံးရှေ့မျက်နှာစာမှာ သီဆိုဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီမတိုင်ခင် ၄င်းကျောင်းထံ Lewis သတိပေး စာတစ်စောင်ပေးပို့ခဲ့ကာ လူအုပ်ကို ရုတ်ရုတ်သဲသဲအနေအခြေ ဖြစ်သွားစေခဲ့တယ်လို့ သိရပါတယ်။ Lee ကို Dunbar ကျောင်းမှာ မဖမ်းဆီးခဲ့ပေမယ့် လုံခြုံရေးအရ နေအိမ်မှာ စောင့်ကြည့်ခံခဲ့ပြီး Thomas Hospital သို့ ပို့ခဲ့ပါတယ်။
သူ့ကို လွတ်ပေးပြီးလို့ နာရီအနည်းငယ်အတွင်းမှာပဲ South Charleston church ရဲ့ နေ့ကလေးထိန်းကျောင်းထဲ Justin Bieber သီချင်း ဝင်ရောက်သီဆိုဖို့ ကြိုးစားမှုကြောင့် ဖမ်းဆီးခံခဲ့တယ်လို့ ဆိုပါတယ်။ ယင်းနေ့ကလေးထိန်း ကျောင်းမှာ Lewis အနှောင့်အယှက်ဖြစ်စရာ ပိုဖြစ်အောင် ပြုမူခဲ့ကြောင်းလည်း သိရတယ်။
New York Daily News အဆိုအရ Bieber ရဲ့ ၂၀၁၀ ထွက် လူကြိုက်များခဲ့တဲ့ “As Long As You Love Me” ကို အဲဒီအလယ်တန်းကျောင်းမှာ သီဆိုဖျော်ဖြေဖို့ ကြိုးစား စီစဉ်နေခဲ့ကြောင်း သိရပါတယ်။ အခုလက်ရှိအချိန်မှာ Lewis ရုံးတင်ခံနေရပြီး မကြာမီ စိတ်ရောဂါစစ်ဆေးမှု ခံယူသွားရမှာဖြစ်ကြောင်း သိရပါတယ်။
Ref: Cosmopolitan
trend.com.mm
0 comments:
Post a Comment