Miley Cyrus နဲ့ Flaming Lips တို့ပေါင်းပြီး ၀တ်လစ်စလစ် ဖျော်ဖြေပွဲ ကျင်းပမည်

တစ်ဖြည်းဖြည်း ချင်းလိုင်းတွေ ပြောင်းသထက် ပြောင်းလာတဲ့ ပေါ့ပ် အဆိုတော်မလေး Miley Cyrus ဟာ နောက်လထဲမှာ Flaming Lips အဖွဲ့နဲ့အတူ ကလပ်တွေမှာ ရှိုးပွဲတွေ စီးရီး လိုက်ဆက်တိုက် ကျင်းပသွားဖို့ စီစဉ်နေပါတယ်။


ဒီသတင်းကို Flaming Lips အဖွဲ့က ရှေ့ထွက်အဆိုတော် Wayne Coyne က သူ့ရဲ့ Instagram မှာ ဖော်ပြတဲ့အခါမှာတော့ ထို ရှိုးတွေထဲက တစ်ခုကတော့ လုံးဝ ၀တ်လစ်စလစ် အနေအထားနဲ့ ကျင်းပမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။


Miley Cyrus ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ Flaming Lips တီးဝိုင်းနဲ့ အနီးကပ် နေထိုင်ခဲ့တာဖြစ်ပြီး သြဂုတ်လတုန်းက MTV ဗီဒီယိုဂီတ ဆုပေးပွဲမှာတော့ သူမဟာ ဒီနှစ် အကုန်ပိုင်းမှာထို အော်လ်တာရော့ခ် တီးဝိုင်းနဲ့အတူ "Miley Cyrus Her Dead Petz" ဆိုတဲ့ အခမဲ့ အယ်လ်ဘမ် အသစ် ကို ထုတ်လုပ်မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။


Miley နဲ့ Flaming Lips တီးဝိုင်းတို့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေကိုတော့  နိုဝင်ဘာ ၁၉ ရက်နေ့က စတင်ပြီး မြို့တော် ၅ ခု မှာ ကျင်းပသွားမှာ ဖြစ်သလို Coyne က ပြောခဲ့တာကတော့ ရှိုးပွဲတစ်ပွဲမှာ အဆိုတော်တွေ ၀တ်လစ်ဝလစ် ဖျော်ဖြေရုံတင်မကပဲ ပရိတ်သတ်တွေပါ ၀တ်လစ်စလစ် လာရောက်ကြည့်ရမှာ ဖြစ်ပြီး ထို ဖျော်ဖြေပွဲ မြင်ကွင်းတွေကိုတော့ သူတို့ ရဲ့ သီချင်းအသစ် "Milky ၊ Milky ၊ Milky" ဆိုတဲ့ သီချင်း ရဲ့ ဗီဒီယို မှာ ထည့်သွင်းအသုံးပြုမယ်လို့ ဆိုပါတယ်။


( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse


Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment