ရေခဲတိုက်မှာ ပြန်အသက်ဝင်လာပြီး ရင်ခွဲ စစ်ဆေးခံရကာ ပြန်လည်သေဆုံးသွားရတဲ့ အမျိုးသား



သေဆုံးသွားပြီလို့ သတ်မှတ်ခံထားရတဲ့ လူနာတစ်ဦးဟာ ရင်ခွဲရုံအတွင်း မှာ ရင်ခွဲစစ်ဆေးခြင်းမစတင်မီမှာပဲ ရေခဲတိုက်အတွင်း ပြန်လည် အသက်ဝင်လာခဲ့ပေမယ့် ရင်ခွဲစစ်ဆေးမှုကြောင့် ပြန်လည် သေဆုံးသွားခဲ့ရတယ်လို့ ဆရာဝန်တွေက ဆိုလိုက်ပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိတဲ့ Prakash ဆိုသူ အမျိုးသားဟာ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့ ၊ ဘတ်စ်ကား ဂိတ်အနီးမှာ လဲကျနေတာကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စီနီယာ ဆရာဝန်တစ်ဦးက သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးတဲ့နောက် သူ သေဆုံးသွားပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထိုဆရာဝန်ရဲ့ ပေါ့ဆမှုကို ဆေးရုံစောင့် ၀န်ထမ်းက Prakash ဆိုသူရဲ့ အလောင်းဟာ ရေခဲတိုက်ထဲမှာ အသက်ပြန်ရှုလာတာကို တွေ့တော့မှ သိခဲ့ကြတာဖြစ်ပါတယ်။ ရဲတွေနဲ့ ဆရာ၉န်တွေကတော့ ဒါကို အချင်းအချင်းလက်ညှိုးပြန်ထိုးနေခဲ့ကြပြီး ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာကတော့ ထို Prakash ဆိုသူဟာ သူ့ရဲ့ ကူးစက်ရောဂါကို အရှုံးပေးသွားတာဖြစ်တယ်လို့ ဆိုထားပါတယ်။

မွန်ဘိုင်း ရဲတပ်ဖွဲ့ဟာတော့ အမြဲတမ်း အခိုင်အမာ သက်သေမပြနိုင်တဲ့ လူသေအလောင်းတွေကို အမြဲကြုံတွေ့နေရပြီး ပြည်တွင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်ထဲမှာတော့ ရေခဲတိုက်တွေဟာ အလောင်းတွေ ထားရှိဖို့အတွက်တောင် နေရာမလောက်တော့ဘူးလို့ ဆိုပါတယ်။

အကြီးတန်း ရဲအရာရှိတစ်ဦးဖြစ်တဲ့ Yeshudas Gorde က ပြောပြခဲ့တာကတော့ "Prakash ရဲ့ သေဆုံးမှုဟာ ဆရာဝန်တွေရဲ့ ပေါ့ဆမှု ကြောင့်ဖြစ်တယ်" လို့ ဆိုပါတယ်။

"ငါတို့ဟာ သေဆုံးသွားပြီလို့ ကြေညာထားတဲ့ လူနာတစ်ယောက် အသက်ရှင်နေတာကိုတွေ့ရတဲ့အခါမှာ တုန်လှုပ်သွားခဲ့ရပါတယ်။ ငါတို့လည်း Sion ဆေးရုံရဲ့ ဆေးရုံအုပ်ဆီကို စာရေးပြီး ထိုကိစ္စအတွက်စုံစမ်းစစ်ဆေးဖို့နဲ့ ရဲတပ်ဖွဲ့ထံ တင်ပြချက်ထုတ်ပေးဖို့ ပြောထားပါတယ်" လို့ Yeshudas Gorde က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment