Rita Ora နဲ့ Travis Barker တို့ နှစ်ယောက် ခွဲမရတဲ့ ချစ်သူတွေဖြစ်နေကြပြီလား


လူတိုင်းမျက်စိကျလောက်တဲ့ ရွှေရောင်ဆံပင်ဖျော့ပိုင်ရှင် Rita Ora ဟာ Wiz Khalifa နဲ့ သတင်း တွေ ထွက်ခဲ့ပြီးနောက်၊ ချစ်သူအသစ်ရှာတွေ့ သွားပြီလို့ ယူဆရပါတယ်။
သတင်းတွေအရ အဆိုတော်လည်းဖြစ်၊ X Factor ဒိုင်လည်းဖြစ်တဲ့ Rita Ora နဲ့ Blink 182 တီးဝိုင်း ခေါင်းဆောင် အသက် ၃၉ နှစ်အရွယ် Travis Barker တို့ နှစ်ယောက် တွဲနေကြပြီလို့ သိရပါတယ်။ သူတို့ နှစ်ယောက်ဟာ ချိန်းတွေ့ ပြီး တွဲတဲ့အဆင့်တင် မဟုတ်တော့ဘဲ ခွဲမရတဲ့ချစ်သူတွေတောင် ဖြစ်နေကြပြီလို့  ဆိုပါတယ်။
နာမည်ကြီးကြယ်ပွင့်တွေချည်း ပါဝင်တဲ့ Power 106 All-Star ဘတ်စကတ်ဘောကစားပွဲမှာ စက်တင်ဘာ ၂၀ ရက်နေ့ က သူတို့ နှစ်ဦး တွေ့ ဆုံခဲ့ပြီး မကြာခင်မှာပဲ သူတို နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ လျင်လျင်မြန်မြန်နဲ့ အဆင့်တွေ တက်လာတာဖြစ်တယ်လို့  Magazine က ရေးသားထားပါတယ်။
“ Rita က ပွဲမှာ သူ့ ကို လိုက်ရှာပြီး သူမရဲ့ လိပ်စာကတ်ကိုပေးခဲ့ပါတယ်။ အဲဒီနေ့ ပြီးကတည်းက နေ့ တိုင်း သူတို့ တွေ တပူးတွဲတွဲပါပဲ” လို့ အတွင်းသတင်းရင်းမြစ်တစ်ခုက မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။Rita ဟာ အရင်က ရက်ပါ Ricky Hilfiger နဲ့ တွဲခဲ့ဖူးပြီး ၁၃ လအကြာမှာ လမ်းခွဲခဲ့ကြပါတယ်။ Travis ကလည်း Melissa Kennedy ကို ကိုးလကြာ လက်ထပ်ခဲ့ဖူးပြီး ၂၀၀၂ ခုနှစ် သြဂုတ်လမှာ တရားဝင် ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။၂၀၀၄ ခုနှစ်မှာ Travis ဟာ ၁၉၉၅ ခုနှစ် Miss USA မယ် နဲ့ ရုပ်ရှင်မင်းသမီး Shanna Moakler ကို လက်ထပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ကွာရှင်းခဲ့ကာ Shanna နဲ့ ကလေးနှစ်ယောက် ရခဲ့ပါတယ်။
ye wint 
Ref: Mirror 
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment