ကိုယ်ဟာ ဘယ်လို လူမျိုးဖြစ်မလဲ ?

နံပါတ် ၁ ကိုရွေးလိုက်တဲ့သူကတော့

သင်ဟာအတွေးအခေါ်ကောင်းတဲ့သူတယောက်ပါ။ သူများနဲ့မတူပဲတမူထူးခြားပြီး စဉ်းစားတတ်ပါတယ်။

ဒီလိုစဉ်းစားတတ်တာကြောင့်ပတ်ဝန်းကျင်ရဲ့အလေးထားမူကိုခံရမှာပါလွတ်လွတ်လပ်လပ်စဉ်းစားတတ်တဲ့အလေ့အကျင့်ကြောင့်စည်းကမ်းတွေဘာတွေကိုလိုက်ရာဖို့ဆိုတာကိုဝင်လေးတတ်ပါတယ်သာမန်ဘဝမှာမပျော်ရွှင်တတ်ပဲသူများနဲ့မတူတဲ့လမ်းကိုရွေးချင်တဲ့ဆန္ဒကအမြဲတမ်းရှိနေတတ်ပါတယ်။

နံပါတ် ၂ ကိုရွေးလိုက်တဲ့သူကတော့

သင်ဟာဇွဲကောင်းတဲ့သူဖြစ်မှာပါ။ရည်မှန်းချက်တခုကိုလုပ်ပြီဆိုရင်လမ်းတဝက်မှာရပ်လေ့မရှိပဲ ပြီးမြောက်တဲ့အထိလုပ်နိုင်တဲ့သူပါ။ဘယ်အရာမဆိုအဆင်ပြေအောင်လုပ်နိုင်တဲ့အတွက်မရှိမဖြစ်လိုအပ်မဲ့သူတယောက်ဖြစ်မှာပါ။ကုမ္ပဏီရဲ့ အုပ်ချုပ်မူပိုင်းကို တာဝန်ယူနိုင်သူဖြစ်မှာပါ။

နံပါတ် ၃ ကိုရွေးလိုက်တဲ့သူကတော့

သင်ဟာ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့အတွက် အရည်အချင်းတွေနဲ့ပြည့်စုံပါတယ်။အမြဲတမ်း ပျော်ပျော်နေတတ်ပြီးသူငယ်ချင်း အပေါင်းအသင်းလည်းများပြီး ပြိုင်ဖက်လည်းများမဲ့သူပါ။သိပ်မစဉ်းစားပဲ စိတ်ထဲထင်တာကိုလုပ်တတ်တဲ့အတွက်
အမှားတွေကိုလုပ်မိတတ်ပါတယ်။ဒါပင်မဲ့ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေများများ ကိုယ့်ရဲ့ရည်မှန်းချက်ကို မရောက်မချင်းကြိုးစားတတ်တဲ့သင့်အနားမှာ တပည့်တပန်းက အများကြီးရှိမှာပါ။

နံပါတ် ၄ ကိုရွေးလိုက်တဲ့သူကတော့

သင်ကတော့ ဘာပြသာနာမဆို ဖြေရှင်းပေးတဲ့သူဖြစ်မှာပါ။ကိုယ်ရဲ့ပတ်ဝန်းကျင်ကသူတွေကို လေးလေးစားစားဆက်ဆံပြီးသူတို့ရဲ့ပြောစကားကိုလည်းဂရုတစိုက်နားထောင်တတ်တဲ့အတွက် အမြဲတမ်းတိုင်ပင်မဲ့သူက ရှိမှာပါ။ခေါင်းဆောင်ထက်စာရင်အဖွဲ့အစည်းထဲမှာအကြံပေးသူဖြစ်နိုင်ပါတယ်။

နံပါတ် ၅ ကိုရွေးလိုက်တဲ့သူကတော့

သင်ကတော့ ကြိုးစားချင်စိတ် အောင်မြင်လိုစိတ် ပြင်းထန်တဲ့သူဖြစ်မှာပါ။လက်ရှိအခြေအနေကို အားမလိုအားမရဖြစ်ပြီး ဒီထက်ကောင်းအောင် အမြဲကြိုးစားနေတဲ့သူပါ။ကိုယ်ကိုကိုယ် ယုံကြည်မူအားနည်းနေတတ်ပင်မဲ့ နေရာမှန်ကိုရောက်ရင်တော့ ယုံကြည်မူအပြည့်နဲ့ အောင်မြင်အောင် ကြိုးစားနိုင်သူ ဖြစ်မှာပါ။


Happiness Is To You
Chelmo Team
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment