ရွေးကောက်ပွဲရလာဒ်ကို လက်ခံကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်ပြော


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက သူတို့ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ရလာဒ်ကို လက်ခံကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦးက ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ရီကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ ရလာဒ်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာချက်တွေ မဟုတ်သေးပေမယ့် ကနဦး ရရှိတဲ့ အချက်အလက်တွေအရ သိရှိရတာဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်တဲ့ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

သူရဦးရွှေမန်းဟာ သူ့ရဲ့ဇာတိဖြူးမြို့နယ်ကနေ ယှဉ်ပြိုင်တာဖြစ်ပြီး အန်အယ်လ်ဒီက ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှ၊ အုတ်ဖို၊ ပေါင်းတည်ကနေ ပြည်အထိ အန်အယ်လ်ဒီက အများစုအနိုင်ရခဲ့ပြီး ဇီးကုန်းမြို့နယ်မှာ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ယှဉ်ပြိုင်တဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဟာ ကြိုတင်မဲနဲ့ ရှေ့ကပြေးနေတယ်လို့သိရပါတယ်။ မဲရေတွက်နေဆဲဖြစ်တဲ့အတွက် မသဲကွဲတဲ့ အခြေအနေ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်တဲ့ လက်ရှိ သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းဟာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှို်င်ကို ရှုံးနိမ့်သွားတယ်လို့သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေက မြို့နယ်အတော်များများမှာ မဲရေတွက်နေဆဲဖြစ်ပြီး ကနဦးရလာဒ်အဆင့်ကို မထွက်လာသေးပါဘူး။

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ယှဉ်ပြိုင်တဲ့ အရင်ကမ်းရိုးတန်းတိုင်းမှူး ဦးခင်ဇော်ဦးဟာ ပြိုင်ဖက် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ဟိန်းကို ရှုံးနိမ့်သွား ပါတယ်။

မဲရလာဒ်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်မှ အတည်ဖြစ်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ ဒီကနေ့ညနေပိုင်းမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ရာလဒ်တွေကို ထုတ်ပြန်ပြောဆိုဖို့ နေပြည်တော် နဲ့ ရန်ကုန်မှာ ရုံးခန်းတွေ ဖွင့်လှစ်ပြီး ကြေညာပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment