ရှားတောမြို့နယ် တွင် NLD ကိုယ်စာလှယ်လောင်းများ အားလုံးအနိုင်ရ


 ရှားတောမြို့နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်နေရာ အားလုံးတွင် NLD ကိုယ်စာလှယ်လောင်းများ အားလုံးအနိုင်ရရှိသွားသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဦးအောင်မင်းအား ဦးအောင်ကျော်စိုးက လည်းကောင်း| ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စာလှယ်လောင်း ဒေါ်နန်းနွံ ကို NLD ကိုယ်စာလှယ်လောင်း ဒေါ်ဝင့်ဝါထွန်းကလည်ကောင်း| ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်နှစ်နေ ရာတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စာလှယ်လောင်း ဦးပေါလူ၊ ဦးအေးမောင်တို့ကို NLD ကိုယ်စာလှယ်လောင်း ဦးတီရယ်နှင့်ဦးလှထွေးတို့က |အနိုင်ရရှိသွားသည်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စာလှယ်လောင်း ဒေါ်နန်းနွံကလတ်လောမဲရုံ (၈)ရုံစာရင်းအရ (၇၄၇)မဲရှိပြီး NLD ပါတီကိုယ်စာလှယ်လောင်း ဒေါ်ဝင့်ဝါထွန်းက (၁၅၇၆) မဲနှင့် (၈၁၉) မဲဖြင့် မဲအသာဖြင့်အနိုင်ရရှိသွားခြင်းဖြစ်သည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁ တွင် ပြည်ခိုင်ဖြိုးပါတီ မှဦးပေါလူက (၂၃၂)မဲ ၊ NLD ကိုယ်စာလှယ်လောင်း ဦးတီရယ်က(၈၀၃)မဲဖြစ်သည်။
ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂ တွင် ပြည်ခိုင်ဖြိုးပါတီ ဦးအေးမောင်က(၄၃၂)မဲ NLD ပါတီမှ ကိုယ်စာလှယ်လောင်း ဦးလှထွေးက(၇၁၃)မဲဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၇ တွင် တသီးပုဂ္ဂလကိုယ်စာလှယ်လောင်း ဦးအောင်မင်းက (၇၆၆)မဲရရှိပြီး NLD ပါတီကိုယ်စာလှယ်လောင်း ဦးအောင်ကျော်စိုးက (၁၄၃၀)မဲရရှိကာ (၆၆၄)မဲအသာဖြင့် အနိုင်ရရှိခဲ့သည်။

ဒီကနေ့ နိုဝင်ဘာလ(၉)ရက်နေ့တွင် ရွေးကောကပွဲ နည်းဥပဒေ ၆၆(C)ဖြင့် မဲရုံတိုင်းတွင် လတ်တလောမဲ ရလဒ်များကို ကြေညာထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွင် အနိုင်ရရှိသည့် ဒေါ်ဝင့်ဝါထွန်း မဲဆွယ်ကာလတွင်း မြင်တွေ့ ရစဉ်ဖြစ်သည်။

ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment