ဗြိတိန်ခရီးသည်တင် လေယာဉ်တစ်စင်း ဒုံးကျည် ထိမှန်လုနီး ဖြစ်ခဲ့ဟုဆို


 ဗြိတိန်လေကြောင်းလိုင်း ခရီးသည် တင်လေယာဉ် တစ်စင်း အီဂျစ်ရှိ ရှမ်းအယ်လ်-ရှိတ်လေဆိပ်၌ သြဂုတ်လအတွင်း ဆင်းသက်ရန် ကြိုးပမ်းစဉ် ဒုံးကျည် ထိမှန်လုနီး အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း ဗြိတိန်မီဒီယာများက စနေနေ့တွင် ဖော်ပြခဲ့သည်။
          သွမ်ဆင်လေကြောင်းလိုင်း လေယာဉ် တစ်စင်း၏ လေယာဉ်မှူးသည် လေယာဉ် ဆီသို့ ဒုံးကျည်တစ်စင်း ဦးတည် လာရောက် နေသောကြောင့် ခရီးသည်များအား နေရာရွှေ့ပြောင်းပေး ခဲ့ရကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြခဲ့သည်။ ဒုံးကျည်သည် လေယာဉ်မှ ပေ (၁၀၀၀) နားအထိ ရောက်ရှိခဲ့ကြောင်း သတင်းအရင်း အမြစ်တစ်ခုက သတင်းစာသို့ ပြောဆိုခဲ့သည်။
          ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ လေယာဉ်အား ပစ်မှတ်ထား တိုက်ခိုက်ခြင်း မဟုတ်ဘဲ အီဂျစ်စစ်တပ်၏ ပုံမှန်လေ့ကျင့်နေကျ စစ်ရေးလေ့ကျင့်မှု သာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဗြိတိန်ပို့ဆောင်ရေး ၀န်ကြီးဌာနက ယင်းအချိန်က ထုတ်ပြန်ခဲ့သည်။
          သတင်းစာက ဖော်ပြခဲ့သည့် အကွာအဝေးအထိ ဒုံးကျည် ရောက်ရှိခဲ့ခြင်း မရှိကြောင်း အစိုးရ သတင်းအရင်းအမြစ် တစ်ခုက ဖော်ပြခဲ့သည်။
          ယခုလောလောဆယ်တွင် အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်၌ ပျက်ကျခဲ့သည့် ရုရှားလေကြောင်းလိုင်း လေယာဉ် မည်သည့် အကြောင်းကြောင့် ပျက်ကျခဲ့သည်ကို ပြောဆိုရန် အချိန်မတိုင်သေးကြောင်း စုံစမ်းစစ်ဆေးမှုကို တာဝန်ယူ ထားရသည့် နိုင်ငံတကာ အဖွဲ့၏ ခေါင်းဆောင် အီဂျစ်နိုင်ငံသား အိုင်မန် အယ်လ်-မူကက်ဒမ်က ပြောဆိုခဲ့သည်။
          ပြင်းပြင်းထန်ထန် ပေါက်ကွဲမှုကြောင့် လေယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြင်သစ်အစိုးရ အရာရှိများက သောကြာနေ့တွင် ပြောဆိုခဲ့သည်။ အဲဘတ်စ် (၃၂၁) လေယာဉ် ဆိုင်းနိုင်းကျွန်းဆွယ်၌ အောက်တိုဘာ (၃၁) ရက်နေ့တွင် ပျက်ကျခဲ့မှုကြောင့် လူ (၂၂၄) ဦး သေဆုံး ခဲ့သည်။
          လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်ပြီး အင်အားကြီးနိုင်ငံ တချို့သည် သတင်း အချက်အလက် ဝေမျှရန် ပျက်ကွက်ခဲ့ကြောင်း အီဂျစ်နိုင်ငံခြားရေး ၀န်ကြီး ဆာမာ ရှိုကရီက စနေနေ့ အစောပိုင်းတွင် ဝေဖန်ပြောဆို ခဲ့သည်။ လေယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် ဗုံးပေါက်ကွဲပြီး လေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်နှင့် ဗြိတိန်တို့က ထောက်လှမ်းရေး သတင်း အချက်အလက်များကို ကိုးကားပြောဆို ခဲ့သည်။
Source:Reuters
The Messenger

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment