ကြက်ကိစ္စ အိုဘားမားနဲ့ တောင်အာဖရိက ရန်ဖြစ်


အမေရိကန်က တင်ပို့သည့် ကြက်နှင့်ကြက်ဥဆိုင်ရာ ပို့ကုန်များကို ကြက်ငှက်တုပ်ကွေး သံသယဖြင့် တောင်အာဖရိက တားမြစ်ထားခြင်းကို ရက်ပေါင်း (၆၀)အတွင်း မပယ်ဖျက်ပေးပါက တန်ပြန် စီးပွားပိတ်ဆို့ အရေးယူရလိမ့်မည်ဟု အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက တောင်အာဖရိက အစိုးရကို သတိပေးလိုက်ကြောင်း သိရသည်။
      အမေရိကန်မြေတွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားသော ပြီးခဲ့သည့် ဒီဇင်ဘာကတည်းက တောင်အာဖရိကသည် အမေရိကန် ကြက်ပို့ကုန်များကို ပိတ်ထားခြင်း ဖြစ်သည်။ ရက် (၆၀)အတွင်း ဖွင့်မပေးပါက တောင်အာဖရိကက အမေရိကန်သို့ တင်ပို့နေသော လိမ္မော်သီး၊ သစ်စေ့နှင့် ၀ိုင်များကို တန်ပြန်ပိတ်ဖို့ဖွယ် ရှိနေသည်။ တောင်အာဖရိကသည် တစ်နှစ်လျှင် ခြံထွက်ပစ္စည်း ဒေါ်လာ သန်း(၂၅၀)ဖိုးခန့် အမေရိကန်သို့ တင်ပို့လျက်ရှိသည်။
      အိုဘားမားက အမေရိကန် လွှတ်တော်သို့ ပေးပို့သော အကြောင်းကြားစာတွင် တောင်အာဖရိကသည် အမေရိကန် ပို့ကုန်များကို တစ်ဖက်က ပိတ်ဆို့ထားချိန်တွင်၊ ၎င်းတို့ဘက်ကမူ အမေရိကန်သို့ အကောက်ခွန် ကင်းလွတ်ခွင့် အထူးခံစားခွင့်ဖြင့် ပို့ကုန်များပါ လွတ်လွတ်ကျွတ်ကျွတ် တင်သွင်းနေကြောင်း ဖော်ပြထားသည်။                 
Source: BBC
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment