ဝါယာလျော့ကြောင့် လွိုင်ကော်မြို့ အကြီးဆုံးအီလက်ထရောနစ်ဆိုင် မီးလောင်


နိုဝင်ဘာလ ၁၂

လွိုင်ကော်မြို့ မင်းစုရပ်ကွက် အိမ်အမှတ် ၁၀ Techno World ဆိုင်မီးလောင်ခြင်းသည်အီလက်ထရောနစ်အရောင်းဆိုင်၏ ဘေးစတိုခန်းထားသည့်အိမ် အောက်ထပ်မှ CCTV ဝါယာလျော့ကြောင့် ဖြစ်သည်ဟု သိရသည်။

" ကျနော်ထမင်းစားနေတယ် ။ ဟိုဖက်အိမ်က ဘေးအိမ်က မီးလောင်နေတယ်လှမ်းအော်လို့ ကျနော်အပြင်ထွက်ကြည့်တော့ အိမ်ထဲမှာမီးခိုးတွေ အူနေတယ်။ အဲဒါနဲ့ မီးလောင်မှန်းကျနော်သိတော့ မီးသတ်ကို ကျနော်ချက်ချင်းဖုန်းဆက်လိုက်တယ်။ ဒီအနီးအနားမှာရှိတဲ့ လူတွေကလည်း ရေတွေဘာတွေလောင်းကြတယ်။ခဏကြာတော့ မီးသတ်ကားရောက်လာတယ်။အဲဒါနဲ့မီးကိုငြိမ်းနိုင်ခဲ့တယ်။''ဟု မီးလောင်အိမ်၏ ဘေးအိမ်က ဦးစိုးညွန့် ပြောသည်။

၎င်းဂိုဒေါင်သည် Techno World အီလက်ထရောနစ်အရောင်းဆိုင်မှ ပစ္စည်းများကို သိမ်းဆည်းထားသော ဂိုဒေါင်ဖြစ်ကြောင်းသိရသည်။

techno world ဆိုင်ပိုင်ရှင်မှာ အဟီး(ခ)ကိုကျော်မင်းအောင် ဟုသိရသည်။

မီးလောင်သွားသော ပစ္စည်းများက ရေခဲသေတ္တာများ အဝတ်လျော်စက် အဲယားကွန်းး စသည့်ပစ္စည်းများဖြစ်ပြီး စုစုပေါင်း အလုံး ပစ္စည်း ၄၀ ကျော် မီးလောင်ပျက်စီးသွားပြီး ဆုံးရှူံးမှုတန်ဖိုး ၁၅ သိန်းအထက်ရှိကြောင်း ဦးစိုးညွန့်က ခန့်မှန်းပြောဆိုထားသည်။

၎င်းမီးလောင်မှုသည် နာရီဝက်နီးပါးကြာ လောင်ကျွမ်းပြီး ပစ္စည်းများသာ ပျက်စီးသွားခဲ့ခြင်းဖြစ်ပြီး လူအထိအခိုက်မရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် ရဲနှင့်မီးသတ်ဌါနမှ စစ်ဆေးချက်ယူပြီး ဆုံးရှူံးမှုတန်ဖိုး အတိအကျမသိရသေးသလို ဘယ်လိုအမှုဖြင့် စစ်ဆေးအရေးယူသွားမည်ကိုလည်း မသိရသေးပါ။

၎င်းမီးလောင်မှုကို မီးသတ်ကား ၅ စီးရောက်လာခဲ့ပြီးမီးငြိမ်းခဲ့ကြောင်းသိရသည်။

 ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment